Untitled Document
Untitled Document
Untitled Document
ကဗ်ာ
အမေ့အိမ်
အ မေ့အိမ်
အ မေ့အိမ် သားနားဖို့မလိုဘူး - သပ်ရပ်ဖို့ဘဲလိုပါတယ်။
အ မေ့အိမ် လှပဖို့မလိုဘူး - လှပအောင်ပြင်ဆင်ပေးဖို့ဘဲလိုပါတယ်
အ မေ့အိမ် တန်ဖိုးကြီးဖို့မလိုဘူး - တန်ဖိုးသိဖို့ဘဲလိုပါတယ်။
အ မေ့အိမ် ခိုဖို့ခွင့်တောင်းစရာမလိုဘူး - ခိုနားတတ်ဖို့ဘဲလိုပါတယ်။
အ မေ့အိမ် မကောင်းသော်လည်းလုံပါတယ်။
အ မေ့အိမ် မလှသော်လည်း နွေးပါတယ်။
အ မေ့အိမ် မခမ်းနားသော်လည်း ပျော်ပါတယ်။
အ မေ့အိမ် ပူလောင်သမျှလည်း အေးစေတယ်။
အ မေ့အိမ် နာကျင်သမျှလည်း သက်သာစေတယ်။
အ မေ့အိမ် ငတ်သမျှလည်း ပြေစေတယ်။
အ မေ့အိမ် ပူပင်သမျှလည်း ပြေငြိမ်းသွားရတယ်။
အ မေ့အိမ် ဝေးနေသလောက်လည်း လွမ်းရတယ်။
အ မေ့အိမ် အရွယ်ရောက်လည်း ခိုနေချင်မိတယ်
အ မေ့အိမ် သားသမီးတိုင်းနေခွင့်ရှိတယ်
အ မေ့အိမ် သူစိမ်းဧည့်သည်ဆိုတာမရှိ
အ မေ့အိမ် လုံခြုံတယ်
အ မေ့အိမ် ခွင့်မလွှတ်နိုင်တဲ့အရာမရှိဘူး
အ မေ့အိမ် မ မေ့ပျောက်နိုင်တဲ့ဒဏ်ရာမရှိဘူး
အ မေ့အိမ် မ စွန့်လွှတ်နိုင်တာမရှိဘူး
အ မေ့အိမ် မ ပေးနိုင်တာမိဘူး
အ မေ့အိမ် မကုစားပေးနိုင်တဲ့ဝေဒနာမရှိဘူး
အ မေ့အိမ် ဆေးရုံထက်သာတဲ့ကုထုံးရှိတယ်
အ မေ့အိမ် စားသောက်ဆိုင်တဲ့ထူးကဲတဲ့ဟင်းအမယ်တွေချက်တယ်
အ မေ့အိမ် ကိုးရီးယားဒရာမာတွေထက်မျက်ရည်ပေါ ကြီးငယ်ကျ စေ လောက်တဲ့ဇာတ်၀င်ခန်းတွေရှိတယ်
အ မေ့အိမ် ပေးစရာအ မွေမကုန်နိုင်အောင်ရှိတယ်
အ မေ့အိမ် သင်ယူမဆုံးတဲ့ဘ၀သင်ခန်းစာတွေသင်ပေးဖို့အမြဲရှိတယ်
အ မေ့အိမ် စာဖွဲ့မကုန်တဲ့ကာင်းကင်ဘုံ .
စာရေးသူ -- ဖာသာရ် ကလေးမင်းအားတယ် ..
ကဗ်ာမ်ား