Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#၀ါတွင်းဆိုသည်မှာ #What is Lent?

           (၂၀၂၂) ၏၀ါတွင်းကာလသည် မတ်လ (၂) ရက်နေ့၌ ပြာခံ၍စတင်တော့မည်ဖြစ်သည်။ ၀ါတွင်းကာလသည် (၆) ပတ်ရှိသောကြောင့် အာဒ်၀င်တူးကာ လ ထက်ရှည်ကြာသည်။ ၀ါတွင်းကာလသည် ပါစကားပွဲတော်အထိဆက်သွားမည်ဖြစ်သည်။ ပါစကားတနဂ်နွေအပြီး၌ ပါစကားကာလထပ်မံဆက်သွားမည်ဖြစ် ၍ ပါစကားကာလသည်လည်း ရက်ပေါင်း (၅၀) ကြာမည်ဖြစ်သည်။ ၀ါတွင်းကာလသည် ‘Easter Triduum’ (ပါစကားပွဲတော်ကိုကြိုတင်ပြင်ဆင်သော အခါကြီး ရက်ကြီးသုံးရက်) ဖြင့်အဆုံးသတ်သည်။

            ဝါတှငျးကာလနှငျ့စပျလငြျး၍ ရဟနျးမငျးကွီးဖရနျစစျက (ဖဖေောျဝါရီ၊ ၁၇၊ ၂၀၂၁) ၌ ‘ဝါတှငျးကာလသညျ အမြားနှငျ့ပွောဆိုဆကျဆံပေါငျးသင်း လုပ်ကိုင်ရာ၌ အတွင်းအပြင် နှစ်ပိုင်းလုံးကိုနှိမ့်ချရမည့်အချိန်ကာလဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုန်းတော်သို့ကြွတက်ခြင်းမဟုတ်။ သို့သော် ချစ်ခြင်း၌နှိမ့်ချ ခြင်းဖြစ်သည်။ မိမိကိုယ်ကို အထာပေး၍ လူတွင်ကျယ်ဖြစ်ရန်မဟုတ်။ တိုးတိတ်နှိမ့်ချစွာနေထိုင်ရမည့်အချိန်ဖြစ်သည်’ ဟုမိန်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်သည် ရက်‌ပေါင်း (၄၀) ကာလကို ‘ကျွန်ဘ၀မှလွှတ်မြောက်လွတ်လပ်ခြင်း၊ ဘုရားသခင်၏လူမျိုးတော် အီဂျစ်ပြည်မှ တောကန္တရ၌ နှစ်ပေါင်း (၄၀) သွားလာခဲ့ ပြီး၊ မိမိတို့၏နေရင်းပြည်သို့ပြန်လည်ရောက်ရှိသွားခြင်း’နှင့်နှိုင်းယှဉ်ပြထားသည်။  ဆက်လက်၍ ရဟန်းမင်းကြီးက ‘ကျွန်ုပ်တို့၏ ဘုရားသခင်အိမ်တော်ပြန်ရာ လမ်း၌ မှုမမှန်သော တွယ်တာတပ်မက်မှုများက ကျွန်ုပ်တို့၏လမ်းခရီးကို ကျန့်ကြာနှောက်နှေးစေသည်။ ကျွန်ုပ်တို့အပြစ်များ၊ ငွေကြေး၊ အပေါ်ယံအလှအပများ၊ အလိုမကျ၊ မရောင့်ရဲနိုင်သော ဖြားယောင်းသွေးဆောင်မှုများကြောင့် နောက်ကောက်ပြန်ကျသွားနေကြသည်။ ဤ၀ါတွင်းခရီးကိုတာရောက်အောင်နင်ချင်ပါက အထက်ကဆိုခဲ့သော မရေရာ၊ မမှန်ကန်သောမျက်နှာဖုံးများကိုချွတ်ခွာရမည်။ ဤ၀ါတွင်းကာလကို အကျိုးရှိထိရောက်စွာ ကျင့်ကြံရှင်သန်ရန် ဧ၀ဂေလိကျမ်စာ က အချက် (၃) ချက်ကို လမ်းညွှန်ပေးထားပါသည်။ ၄င်းတို့မှာ (၁) အလှူအဒါန်းပြုခြင်း၊ (၂) ဆုတောင်းခြင်း၊ (၃) ၀ါ‌ရှောင်ခြင်းတို့ဖြစ်ကြသည်။

            ဤ၀ါတွင်းကျင့်စဉ် (၃) ခုသည် ကျွန်ုပ်တို့အား မည်သည့်အခါမျှ အရောင်မှေးမှိန်လွင့်ပြယ်ခြင်းမရှိသော အမှန်တရားဆီသို့ပြန်လည်ပို့ဆောင်ပေးသည်။ ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်ပြန်လည်ပေါင်းစည်းစေသည်။ ကရုဏာရေးလုပ်ငန်းသည် ကျွန်ုပ်တို့၏နီးစပ်သူများနှင့်ပြန်လည်နီးစပ်စေသည်။ ၀ါရှောင် ခြင်းသည် ကျွန်ုပ်တို့ကိုယ်ကိုပြန်လည်နီးစပ်သွားစေသည်။ ဘုရားသခင်၊ ကျွန်ုပ်၏နီးစပ်သူနှင့်ကျွန်ုပ်အသက်သည် မည်သည့်အခါမျှမှေးမှိန်ပျောက်ကွယ်သွားမည်မ ဟုတ်သော အမှန်တရားဖြစ်သည်။ ဤ၀ါတွင်းကျင့်စဉ်ကို ကျင့်ကြံခြင်းသည်အလွန်ကောင်းပါသည်။ သို့သော် စိတ်ထားမှန်ကန်ဖြူစင်ရန်လိုအပ်သည်။

          ဖေဖေါ်၀ါ၂၆၊ ၂၀၂၀) ဝါတွင်းက ဝါတွင်းဝတ်တရားကိုဖြည့်ဆည်းရာ၌ ဟန်ဆောင်လှည့်စားမှုကင်းရန်နှင့်လူအထင်ကြီးစေရန်လုပ်ဆောင်ခြင်းကို ရှောင်ရန်၊ မကြာခဏလူအထင်ကြီးစေရန်၊ ကြည့်ကောင်းစရေန် မိမိကိုယ်မိမိကြေနပ်ရုံ ရည်ရှယ်၍လုပ်ဆောင်ခဲ့သည်မြားကို ပြန်လည်ဆင်ခြင်ပြုပြင်ရမည်။ ကက် သလစ်ဘာသာတူများကြား၌ ဝါတွင်းကျင့်စဉ်အဖြစ် ပူဇော်ခြိုးခြံခြင်းကို ရက် (၄၀) ပြုလုပ်တတ်ကြသည်။ ထိုလုပ်ရပ်မှာ အဘယ်အရာနှင့်တူသနည်းဟုမှု ခြိုးခြံ ခြင်းအလွန်ကြိုက်သောကလေးသည်ထိုဝါတွ်င်းကာလ၌ မစားဘဲရှောင်ခြင်းကဲ့သို့ဖြစ်၏။ ကောင်းပါသည်။ သို့သော် ယခုထက်ပိုမိုလေးနက်သော ပြုပြင် ပြောင်းလဲခြင်းမှာ သူ့ထံပြန်လာရန်ဖိတ်ခေါ်နေသောဘုရားသခင်၏အသံကိုထူး၍ သူ့ထံအမှန်တကယ်ပြန်လှည့်သွားရန်နှင့်အချစ်ခံရပျော်ရွှင်မှုကိုပြန်လည်ခံစား ကြည့်ရန်ဖြစ်သည်ဟုမိန့်ကြားခဲ့သည်။ 

ဘာသာပြန်  ဖာသာရ် ကလေးမင်းအားတယ်

Photo Crd.

ဆောင်းပါးများ