Untitled Document
Untitled Document
Untitled Document
ကဗ်ာ
မညှိုးပန်းလေး ဖြစ်စေချင်
လျှောက်မည့်လမ်းလေး ကြမ်းတမ်းပါစေ မညည်းညူဘဲ လျှောက်စေချင်သည်။
နာကျင်စရာနဲ့ ကြုံရပါစေ ကြင်နာမှုလေး ပြစေချင်သည်။
ဝမ်းနည်းမှုများ ဆုံလာပါစေ အပြုံးလေးတစ်ပွင့်တော့ ချွေစေချင်သည်။
အလိုမကျမှုတွေ ရှိနေပါစေ အလိုတော်အတိုင်းတော့ နေစေချင်သည်။
နှောင့်ယှက်ခြင်းတွေ ကြုံလာပါစေ ခြေလှမ်းတွေတော့ မြဲစေချင်သည်။
စုံစမ်းခြင်းတွေ လာပါလေစေ ခရစ်ဘုရားနှင့်သာ ရှိစေချင်သည်။
ပလ္လင်ထက်၌ ကပ်မည့်ပန်းလေး မညိုးပန်းလေး ဖြစ်စေချင်သည်။
နွေဦးလေပြည်(I.S.R)
ကဗ်ာမ်ား