Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ရသေ့များနှင့်ရသေ့သီလရှင်များမှပြုလုပ်သော ခရစ္စမတ်လက်ဆောင်ကို သင်တို့အိမ်အရောက်ယူသွာကြပါ။ #Bringing Christmas presents made by monks and nuns right to your door

ရှုပ်ထွေးဆူညံသောလူမှုအသိုင်းအဝိုင်းနှင့်ဝေးရာ ရသေ့ကျောင်းများ၌ သီတင်းသုံးပြီး၊ ဝိညာဥ်ရေး ဝတ္တရားများကို ဖြည့်ဆည်းသကဲ့သို့ ကာယအလုပ်များကိုလည်း လုပ်ကိုင်နေကြသော ကက်သလစ်ရသေ့များ၊ ရသေ့သီလရှင်များစွာ ကမ္ဘာပေါ်၌ရှိနေကြသည်။ ၎င်းတို့သည် မိမိတို့ကျောင်းအတွင်း လိုအပ်သောကုန်ကျစရိတ်များကိုကာမိရန်အတွက် မိမိတို့တတ်ကျွမ်းသော၊ သင်ယူလေ့လာထားသော အတတ်ပညာများဖြင့် ကုန်များထုတ်လုပ်၍ရောင်းချကာ၀င်ငွေရှာလေ့ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ထုတ်ကုန်သည် သင်တို့အိမ်၌ ရှိစင်များပေါ်၌လည်း ၀ယ်ယူထားရှိသင့် ပါသည်။ ရသေ့ကျောင်းများ၏ စား၀တ်နေရေးအတွက် ကူညီပေးသော Contemplare Foundation အဖွဲ့သည် စပိန်မှဖြစ်ပြီး၊ ၎င်းတို့သည် သာမန်ဘာသာ၀င်အဖွဲ့၀င်များဖြင့်ဖွဲ့စည်းထားသည်။ ဤအဖွဲ့သည် ရသေ့ကျောင်းများမှထုတ်လုပ်သောစားကုန်၊ သုံးကုန်များကို အခြေခံလူတန်းစားများနှင့် ချိတ်ဆက်၍ ရောင်းချကာ ၀င်ငွေရှာပေးသော အဖွဲ့ဖြစ်သည်။     

ဤအဖွဲ့၏ညွှန်ကြားရေးမှူးဖြစ်သော ALEJANDRA SALINAS က ရသေ့ကျောင်းများအား မည်သည့်အကူအညီ ပေးရမည်နည်းဟု မေးမြန်းသောအခါ ရသေ့များအနေဖြင့် ပြင်ပသို့လွှတ်လပ်စွာသွားလာခွင့်မရှိ။ ပြင်ပလူများနှင့် လည်းချိတ်ဆက်ခွင့်မရှိသောကြောင့် ကျောင်းမှထုတ်လုပ်သော ရောင်းကုန်များကိုသာ ကူရောင်းပေးရန်၊ ဆက်စပ်ပေးရန် တောင်းဆိုလာကြောင်း၊ ဤအခြေအနေသည် ၎င်းတို့အလိုအပ်ဆုံး အကူအညီဖြစ်ကြောင်းသိရှိရ၍ ၎င်းတို့ကိုကောင်းစွာကူညီနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြင်ပကမ္ဘာနှင့်နေ့စဉ်ထိတွေ့နေသော ၎င်းတို့အတွက်မှာ စီးပွားရေးနှင့် ပတ်သက်၍ အခက်အခဲမရှိကြောင်း၊ ထို့ကြောင့်၎င်းတို့၏ လိုအပ်ချက်ကိုသိ၍ ထိုလိုအပ်ချက်ကို ကူညီနိုင်ကြောင်း ပြောကြားသည်။  

ဤအဖွဲ့ရှိ ရသေ့တို့၏ထုတ်ကုန်များမှာ ချိုချဉ်များ၊ အချိုယမကာများ၊ ကလေးအ၀တ်အစားများကိုကမ္ဘာအနှံ့သို့ ချိတ်ဆက်ရောင်းချပေးလျှက်ရှိသည်။ ၎င်းတို့သည် ပြည်ပ၌သာမဟုတ်၊ ပြည်တွင်း၌လည်း အဆိုပါထုတ်ကုန်များကို ရောင်းချပေးနိုင်ရန် မာဒရစ်၌ အရောင်းခန်းမကိုလည်း ဖွင့်လှစ်ထားသည်။ ရသေ့များ၏ထုတ်ကုန်များကို ယခုကဲ့သို့ ကူညီရောင်းချပေးခြင်းဖြင့် ရသေ့တို့၏ကျင့်စဉ်များအကြောင်းကိုလည်း လူထုတို့အားပြောပြရန် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း၊ ရောင်းကုန်များသည် ရသေ့တို့၏ ထုတ်ကုန်ဖြစ်ကြောင်းကို လူများသိလိုက်ရသောအခါ အံ့အားသင့်သွားကြကြောင်း၊ ထိုအခါ စပိန်၌ ရသေ့ကျောင်းမည်မျှရှိသနည်း စသည်ဖြင့်မေးမြန်းလာသောအခါ (၇၅၀) ကျောင်းကျော်ရှိ ကြောင်းပြောပြနိုင်ကြောင်း၊ ထိုကိန်းဂဏာန်းသည် ၎င်းတို့အား စိတ်၀င်စားလာစေကြောင်း၊ ထိုအခါ စပိန်၌ ရသေ့ကျောင်းမည်မျှရှိသည်ဟုထင်ကြောင်းများဖြင့် စကားကိုအပြန်အလှန်ပြောဆိုဖြစ်ကြောင်း၊ စပိန်သည် ကမ္ဘာပေါ်၌  ရသေ့ကျောင်းအများဆုံးဖြစ်သည်ကို သိသလောဟူ၍လည်းကောင်း၊ ကမ္ဘာပေါ်ရှိ ကက်သလစ်ရသေ့သုံးပုံတစ်ပုံသည် စပိန်မှဖြစ်ကြောင်းကိုသိသလောဟူ၍လည်းကောင်း စသည်ဖြင့်စကားလမ်းကြောင်းဖြောင့်စေသည်။ အဖွဲ့၀င်များမှာ မိမိတို့အချိန်ကိုပေးနိုင်သူများနှင့် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ရသေ့ကျောင်းများအား ကူညီထောက်ပံ့ပေးနိုင်သူများဖြစ်ရမည်ဖြစ်သည်။ လုပ်အားပေးဆက်ကပ်ကြသူများအနက် အထက်တန်းလွှာများလည်းပါဝင်ကြောင်း ပြေားပြလာပါသည်။

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်

Photo Crd

ဆောင်းပါးများ