Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ဘ၀၏နောက်ဆုံးနေ၀င်ချိန်၌ သင့်အားစိတ်အနှောက်အယှက်ဖြစ်စေမည့် ဆင်ခြင်ရန်အချက်များ။
၁။ သူတစ်ပါးအား မကောင်းလမ်းပြခဲ့ပြီး၊ သူတစ်ပါးက မိမိနောက်လိုက်၍ မကောင်းမှုကိုကျူးလွန်ခဲ့ သည့်အခြေအနေအတွက်၊
၂။ မိမိ၏နီးစပ်သူများ နာကြင်ခံစားနေချိန်၊ အကူအညီများလိုအပ်နေချိန်၌ ကူညီအားပေးနိုင်၊ ကူညီအား ပေးသင့်သော်လည်း မိမိနှင့်မဆိုင်သကဲ့သို့လစ်လျူရှုနေမိခဲ့သည့်အခြေအနေအတွက်၊
၃။ ချီးကျူးစကား၊ အသိအမှတ်ပြုသည့်စကားများပြောသင့်သော်လည်း မပြောဘဲနေခဲ့မိသည့်အတွက်၊
၄။ မိမိ၏အောင်မြင်မှုကို ထုတ်ဖော်ဂုဏ်ယူတတ်ပြီး၊ အခြားသူပိုနှိမ့်ချအပြစ်တင်မိသည့်အတွက်၊
၅။ ဖြူစင်ရိုးသားသူများကို မလေ့မစားပြုခဲ့မိခြင်း (သို့) အခြားသူများ၏စိတ်ကူးကိုနှောက်ယှက်ဖျက်ဆီး ခဲ့သည့်အတွက်၊
၆။ မလိုအပ်သောအရာများကို၀ယ်ယူခြင်းဖြင့် ငွေကြေးသုံးဖြုန်းမိခဲ့ခြင်းအတွက်၊
၇။ တစ်ပါးသူကိုခွင့်မလွှတ်ဘဲ ကြာမြင့်စွာချည်နှောင်ထားခဲ့ခြင်းအတွက်၊
၈။ မိမိအားချစ်သောသူများအပေါ်အခွင့်အရေးယူမိခြင်း၊ တစ်ကိုယ်ကောင်းဆန်ဆန်ပြုခဲ့သည့်အတွက်၊
၉။ ကောင်းစွာသင်ကြားထိန်းကျောင်းပေးရမည့်သူများအပေါ် တာ၀န်မကျေခဲ့သည့်အတွက်၊
၁၀။ မိမိ၏နီးစပ်သူများကိုအချိန်ပေးနိုင်သော်လည်း မပေးခဲ့သည့်အခြေအနေအတွက်၊
၁၁။ တန်ဖိုးရှိသောအချိန်ကို တန်ဖိုးမဲ့သောအရာများ၌ ဖြုန်းတီးခဲ့ခြင်းအတွက်၊
၁၂။ မိမိအားမြောက်ပင့်ပြောဆိုနေသည်ကို မဟုတ်မမှန်ကြောင်းသိသော်လည်း သာယာနေမိခြင်းအတွက်၊
၁၃။ ကျေးဇူးဆပ်ခြင်းထက် ‌ဝေဖန်ညီးညူနေခဲ့သည့်အချိန်များအတွက်၊
၁၄။ မသင့်လျှော်သော၊ ကြမ်းတမ်းရိုင်းစိုင်းသော စကားများကို ပြောဆိုခဲ့သည့်အချိန်များအတွက်၊
၁၅။ မိမိ၏ယုံကြည်ချက်ကို အလေးမထား၊ လှောင်ပြောင်သရော်တတ်သော သူများနှင့် ပေါင်းဖက်ခဲ့သည့်အတွက်၊
၁၆။ လက်ဝါးကပ်တိုင်တော်မှ ယေဇူးသခင်သွန်းလောင်းသော ကောင်းကြီးများကို မခံယူဘဲ ရှောင်တိန်း နေခဲ့သည့်အတွက်၊
၁၇။ ပေးခဲ့သည့် ကတိသစ္စာကို မဖြည့်ဆည်းနိုင်သည့်အတွက်၊
၁၈။ ကွယ်လွန်သူများအတွက် ဆု‌တောင်းရမည်၊ ဆုတောင်းပေးသင့်ပါလျှက် ဆုမတောင်းဘဲနေခဲ့သည့် အချိန်များတွက်၊
၁၉။ ယေဇူးသခင်ကို လစ်လျူရှုထားခဲ့ခြင်းများအတွက်၊
၂၀။ နီးစပ်သူများအား တစ်နည်းနည်းဖြင့် ထိခိုက်နစ်နာအောင်ပြုလုပ်ခဲ့သည့်အတွက်၊
၂၁။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုလည်းကောင်း၊ နီးစပ်သောသူများကိုလည်းကောင်း မချစ်ခဲ့သည့်အတွက် သင်စိတ်အနှောက်အယှက်ဖြစ်ရလိမ့်မည်။
ဖာသာရ်ကလေးမင်းအားတယ်
ဆောင်းပါးများ