Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ဒီဇင်ဘာ ၁၄-ရက်နေ့ #St. John of the Cross (Priest & Doctor of the Church)
ခရူးစူး၏ယောဟန် (St. John of the Cross)သည် ၁၅၄၃ ခုနှစ်တွင် စပိန်(Spain)နိုင်ငံ၊ ဖောန်တီဘဲရောစ် (Fontiveros)မြို့၌ မွေးဖွားခဲ့သည်။ အသက်(၂၀)အရွယ်တွင် ခရူးစူးယောဟန် ဟူသော သူတော်စင်ဘွဲ့အမည် နာမကိုယူကာ မယ်ဒီးနာ(Medina) မြို့ရှိ ကာမယ်လိုက် (Camelites)ဂိုဏ်းသို့ ဝင်ရောက်ခဲ့လေသည်။ ဒုက္ခစရိယာ တစ်ခုခုမခံစားရဘဲ လောကကမ္ဘာကြီးထဲမှ မကျော်လွန်ပါရစေနှင့် ဟူ၍ ဘဝတစ်လျှောက်လုံးတွင် မကြာခဏ ဆုတောင်းခဲ့သည်။ ရဟန်းသိက္ခာခံယူပြီးနောက်၊ အဲလ်ဘက် (Albert of Vercelli) (1209 )၏ တင်းကြပ်သော၊ အခြေခံစည်းမျဉ်းဥပဒေများနှင့် တစ်ကိုယ်တည်းနေခြင်း လမ်းစဉ်ကိုကျင့်ကြံဖို့ရန်၊ အခွင့်ရရှိခဲ့လေသည်။ ၁၅၆၈ ခုနှစ်တွင် အာဗီလာမြို့မှ သံတာထရေဇား (SL Teresa of Avila) နှင့်အတူ အသင်းဝင်များအား မြင့်မြတ်သော တစ်ကိုယ်တည်း သီးသန့်နေထိုင်ခြင်း၊ နှိမ့်ချခြင်း၊ ခြိုးခြံခြင်း၊ ကျင့်စဉ်များကို လိုက်နာကျင့်ကြံ အားထုတ်စေသော ရသေ့ကျောင်း အဖြစ် အသစ်တဖန်ပြန်လည်ဖွဲ့စည်း ဖွင့်လှစ်ခဲ့သည်။
ထိုသို့ပြုပြင်ခြင်းများပြုလုပ်သောအခါ ဂိုဏ်းဝင်မူဟောင်း ရဟန်းတချို့သည် ခရူးစူးယောဟန်အား အမျက်ဒေါသထွက်ကာ
ပုန်ကန်သူအဖြစ်စွပ်စွဲကာ၊ ဖမ်းဆီးထောင်ချ ခဲ့လေသည်။ ထောင်ထဲတွင်ရှိနေစဉ်၌ ဝိညာဉ်ရေးရာ ဓမ္မသီချင်းအတိုအထွာများနှင့် ရှင်သန်နေသော ချစ်ခြင်းမေတ္တာမီးတောက်သီချင်း များကို ရေးစပ်သီကုံးခဲ့လေသည်။ အမှောင်ညထဲမှဝိညာဉ် သီချင်း၌ မြောက်များစွာသော ဒုက္ခစရိယာများကြား မဝင်ရောက်ရသေးလျှင် ဘုရားသခင်၏ ကောင်းမြတ်ချမ်းသာကြွယ်ဝမှုနှင့် ဉာဏ်ပညာကို ရရှိနိုင်မည်မဟုတ်ဟူ၍ ရေးသားထားခဲ့လေသည်။
တစ်ကြိမ်တွင်၊ ခုရူးစူး၏သံယောဟန်သည်၊ ဥပဒေစည်းမျဉ်း မလိုက်နာသောဘုန်းတော်ကြီးဒီအဲဂို (Fr. Diego) အား ပြုပြင်ပြောင်းလဲရန် တစ်ရင်းတနှီး သတိပေးခဲ့လေသည်။ သို့သော် ထိုဘုန်းတော်ကြီးသည်၊ နောင်တသံဝေဂဖြင့် ပြုပြင်မည့်အစား တိုင်းပြည်အနှံ့ရှိမြို့ရွာများသို့ သွားရောက်လှည့်လည်ကာ ခရူးစူး၏သံယောဟန်အား ဆန့်ကျင်လျှက်၊ မကောင်းကြောင်းလိုက် ပြောလေတော့သည်။ ထို့ကြောင့်၊ ခရူးစူး၏သံယောဟန်သည် ခက်ခဲ ကြမ်းတမ်းလှသော ရပ်ပေးနယ်-အူဘဲဒါ သို့ပြောင်းရွေ့သွားခဲ့ရကာ ထိုဒေသတွင်ပင် ၁၅၉၁-ခုနှစ်၌ ပျံလွန်တော်မူခဲ့လေသည်။
ဘုရားသခင်သည်၊ အတိုင်းမသိ သန့်ရှင်းတော်မူ၍ အတိုင်းမသိဖြောင့်မတ်သောရွှေစိတ်တော်နှင့် ပြည့်စုံတော်မူသောကြောင့် အပြစ်ရှိသော သူတို့ကို ဒါဏ်ခတ်တော်မူ၍၊ သစ္စာစောင့်သောသူတို့ကိုမူ အတိုင်းမရှိသောဆုကို ချတော်မူ၏။ ဖြောင့်မတ်စွာတရားကို ဆုံးဖြတ်တော်မူသော်လည်း၊ ဘုရားသခင်သည် ကရုဏာတော်နှင့်ပြည့်စုံ တော်မူသောကြောင့်၊ အပြစ်ရှိသောသူတို့ကို၊ နှစ်ပေါင်း များစွာ၊ စိတ်ရှည်စွာနှင့်သည်းခံ၍ နောင်တ၊ တရားယူစေ တော်မူ၏။
သီလရှင်အသင်းကိုမဝင်မှီ ဘုရားသခင်ကြည့်ရှု စောင့်ရှောက်တော်မူသောကြောင့် ဘေးဥပါဒ်များနှင့်အဆီးအတား များကိုအောင်မြင်ခဲ့ရသည်။ နောင်လာမည့် အရာများကိုမသိရ သော်လည်း၊ ဘုရား၏ကြည့်ရှုတော်မူခြင်းကို၊ အားကိုးလျှက် စိုးရိမ်ခြင်းမရှိကြနှင့်။
ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်မှာ ဘယ်မျှလောက်စိတ် ရှည်တော်မူသနည်း။ ကျေးဇူးရှင်ကိုပြစ်မှားမိ၍ အခွင့်လွတ်ခြင်းများ ခံရသော်လည်း၊ မကြာမကြာပြန်ထိခိုက်သေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် စိတ်ရှည်တော်မူသည့်အတိုင်း၊ ကလေးများ၏ မှားယွင်းခြင်းများနှင့်၊ အဖေါ်များ၏ ထိခိုက်ခြင်းများကို စိတ်ရှည်စွာသည်းခံကြပါ။
#ခရူးစူး၏ သံယောဟန် (၁၅၄၂ - ၅၉၁) ရဟန်း။ ဓမ္မသုခမိန်။
#သီလရှင်တို့၏ ကမ္မဌါန်းထောက်ရှုချက်မှ။
ဆောင်းပါးများ