Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ရဟန်းမင်းကြီးသည် အမိမယ်တော်၏စိတ်ထားအလှကိုချိးမွှမ်းခဲ့။ #Pope Francis hails ‘the beauty of Mary’s heart’ on Immaculate Conception feast

ရဟန်းမင်းကြီးဖရန်စစ်သည် အမိမယ်တော်အားအပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ မွန်းတည့်ချိန်အန်ဂျေလူး ဆုတောင်းခြင်း၌ မယ်တော်၏စိတ်ထားအလှကိုချီးမွှမ်းခဲ့သည်။ အမိမယ်တော်သည် ကောင်းကင်တမန်ချုပ် ဂါဗြီအဲလ်နှင့်ဆုံဆည်းခဲ့ခြင်းသည် အမိမယ်တော်၏နှိမ့်ချခြင်းကိုဖော်ပြနေသည်။ လူတစ်ဦးတစ်ယောက်သည် မိမိအဘယ် သူဖြစ်သည်ကို အမှန်တကယ်ဖော်ပြနိုင်သောအကောင်းဆုံးနေရာမှာ မိမိ၏မိသားစုသာဖြစ်သည်။ ထိုမိသားစုအတွင်း၌ပင်လျှင် အမိမယ်တော်၏စိတ်ထားအလှကို ဧ၀ဂေလိကျမ်းစာကဖော်ပြနေပါသည်။ ကောင်းကင်တမန်တော်က ကျေးဇူးတော်နှင့်ပြည့်၀သူဟု နှုတ်ဆက်စကားချွေခဲ့သည်။ အကယ်၍မယ်တော်သည် ကျေးဇူးတော်နှင့်ပြည့်နေပါ လျှင် မယ်တော်သည် မကောင်းမူကင်းစင်သူဟုဆိုလိုသည်။ ထို့ကြောင့် ‘အပြစ်မှစင်ကြယ်သူ’ (Immaculate) ဖြစ်သည်။    

Ineffabilis Deus ၏ကြေညာချက်၌ ‘အမိမယ်တော်သည် ယေဇူးခရစ္စတူးသခင်အား ပဋိသန္ဓေစယူလိုက်ချိန်၌ အပြစ်အကြေးအညှော်မှကင်းလွှတ်ရန် အားလုံးစုံကို တတ်နိုင်တော်မူသော ဘုရားသခင်က ခွင့်ပြုခဲ့ကြောင်းကို ကြေညာသည်။ အတည်ပြုသည်။ အနက်ဖွင့်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ယေဇူးခရစ္စတူးသခင် ကိုယ်တော်တိုင်၏ အကျိုးကျေးဇူးကြောင့်လည်း အပြစ်ရင်းမှကင်းစင်သည်။ ဤသွန်သင်ချက်သည် အမိသာသနာတော်ကြီးမှ အတတ်ဖြင့်အဆန်းထွင်ထားခြင်းမဟုတ်။ ဘုရားသခင်က ကျမ်းစာတော်မြတ်ထဲ၌ ဖွင့်ဟပြထားခြင်းဖြစ်သည်။ ဘာသာတူများလုံး၀ယုံကြည်ရမည်။

ကျမ်းစာထဲ၌ အမိမယ်တော်သည် သိကြားတမန်တော်၏နှုတ်ဆက်ခြင်းကို ကြားလိုက်ရသောအခါ စိတ်ဇဝေဇဝါဖြစ်ခဲဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် သိကြားမင်း၏နှုတ်ဆက်စကားသည် ကြုံတွေ့ဖြစ်ပျက်နေကျ၊ ကြားနေကျစကားမျိုးမဟုတ်ပေ။ ကြားရသောဗျာဒိတ်စကားသည်  မယ်တော့်အခြေအနေနှင့် အလွန်တရာကြီးမြတ်လှသောကြောင့် မထိုက်တန်သကဲ့သို့ခံစားလိုက်ရသည်။ အမှန်မှာ မယ်တော်၏ ထိုနှိမ့်ချသောစိတ်သည် ဘုရားသခင်၏ရှေ့တော်၌ ကြီးမြတ်စေသူဖြစ်စေခဲ့သည်။ နာဇရက်အိမ်တွင်း၌ပင် အမိမယ်တော်၏ စိတ်ထားမြတ်ကိုမြင်တွေ့နိုင်သည်။ ထိုစိတ်ထားမြတ်သည် အလွန်ကြီးမြတ်သော ဆုလာဘ်တော်ကိုခံခဲ့ရသည်။ စိတ်ဇဝေဇဝါဖြစ်သွားရခြင်းမှာ မယ်တော်သည် သူ့မကိုယ်သူမ သုံးနှုန်းခွင့် မပြုသော အသုံးအနှုန်းကို အသုံးခံလိုက်ရသောကြောင့်လည်းဖြစ်သည်။    

အမှန်ဆိုသော် အမိမယ်တော်သည် ဤသို့ချီးမွှမ်းသည့်စကားကိုကြားလိုက်ရ၍ ဂုဏ်မောက်မသွား။ အပျော်မဆို့သွားခဲ့ပေ။ သူမကိုယ်သူမ အဘယ်သူဖြစ်သည်ကိုသိနေသည်။ မတန်မရာမမှန်း။ မတန်မရာမပြော။ ကြားရသည့် စကားကြောင့်ကျေနပ်နှုတ်ဆိတ်မနေ။ မည်သည့်အရာမျှ သူမအစွမ်းအစဖြင့်မရ။ ရရှိလာသမျှသည် ဘုရားသခင်ထံမှသာ ဖြစ်သည်ကို လုံး၀ယုံကြည်ထားသည်။ သူ၏ဘ၀တစ်ခုလုံးကို ဘုရားသခင်နှင့်အခြားသူများအတွက် အပ်နှံထားသည်။ သူမအတွက်ငဲ့ကွက် ထောက်ညှာခြင်းလုံး၀မရှိ။ ဤပါရမီသည် နှိမ့်ချခြင်း အစစ်အမှန်ဖြစ်သည်။ အမိမယ်တော်အား အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ကို ရဟန်းမင်းကြီး ပီအုစ် (၉) က (၁၈၅၄) ခုနှစ်တွင် ယုံကြည်ရာအချက်အဖြစ် ကြေညာခဲ့သည်။  

ရဟန်းမင်းကြီးသည် ဒီဇင်ဘာလ (၈) အမိမယ်တော်အား အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့ နံနက်စောစော၌လည်း ‘အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်’ ၏ဆင်းတုတော်ကြည်ညိုထားရှိသော Spagna ရင်ပြင်သို့ကြွ၍ ဂါရဝပြုဆုတောင်းခဲ့သည်။ ဤကြွရောက်ခြင်းကို ရဟန်းမင်းကြီးသည် တရား၀င်ထုတ်ပြန်ခြင်းမပြုဘဲ ကြွရောက်ခဲ့သည့် ဘုရားဖူးခရီးတိုလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါဆိုးကြီး၏လှိုင်းလုံးမှာ ထပ်မံ ခြိမ်းခြောက်မှုများ ရှိလာနေသောကြောင့် လူစုလူဝေးကြီးဖြစ်မည်ကိုလည်း ရှောင်ရှားလို၍ ဖြစ်နိုင်သည်။ ရဟန်းမင်းကြီးသည် မကျန်းမ မာဖြစ်နေသူများ၊ စစ်ပန်းနေကြသော စစ်ဖြစ်နိုင်ငံများမှပြည်သူများနှင့် ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ကိုခံ စားနေကြရသူများအတွက်ဆု‌တောင်းပေးရန် မယ်တော်ထံတောင်းခံခဲ့ကြောင်း၊ ထို့နောက် ရောမရှိ စိန့်မေရီဘာစီးလီကာ ဘုရားကျောင်းကြီးသို့လည်း ကြွရောက်ဘုရားဖူးခဲ့ကြောင်း ဗာတီကန်သတင်းဌာနမှထုတ်ပြန်ခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလေးမင်းအားတယ်

Photos Crd      

ဆောင်းပါးများ