Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#အာဒ်၀င်တူးကို စုံလင်သော အာပတ်ဖြေခြင်းဖြင့် အစပြုသင့်သော အချက် (၆) ချက်။ #6 Reasons to start Advent with a good confession

၁။ နှစ်သစ်ကို သစ်လွှင်စွာအစပြုပါ။

အာဒ်၀င်တူးကာလသည် အမိသာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်းကို အစပြုသော ၀ိညာဉ်ရေးအတွက် အရေးကြီးသည့် အချိန်ကာလတစ်ခုဖြစ်သည်။ အာဒ်၀င်တူးကာလ ပထမပတ်တနင်္ဂနွေမှစ၍ တစ်နှစ်တာ၀တ်ပြုခြင်း စက်ဝိုင်းကို စတင်ရွေ့လျားလည် ပတ်ပါတော့သည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) က ‘အာဒ်၀င် တူးကာလ ပထမပတ်တနဂ်နွေနေ့နှင့်အတူ အမိသာသနာတော်သည် တစ်နှစ်တာ၀တ်ပြုခြင်းကို အစပြုလိုက်သကဲ့ သို့ ယုံကြည်ခြင်းခြေလှမ်းသစ်ကိုလည်း အစပြုလိုက်ပြီဖြစ်သည်။ ဤသို့အစပြုလိုက်ခြင်းဖြင့် ယေဇူးခရစ္စတူးသခင်၏ အဖြစ်တော်ကိုလည်း ပြန်လည်အမှတ်ရလိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရာစုအဆက်ဆက်က ဘုရားသခင်လူတို့အား ထားခဲ့သော ကတိတော်ကြီးကိုပြည့်စုံစေ‌သော အချိန်ကာလကိုဖွင့်ချလိုက်ခြင်းဖြစ်သည်။

ထို့အတူပင် အာပတ်ဖြေခြင်း စက္ကရာမင်တူးကို စုံလင်သော နာကျင်ခြင်းဖြင့်ခံယူလေတိုင်း မိမိတို့၏ယုံကြည် ခြင်းအသက်တာကို အသစ်ပြန်စလိုက်ခြင်း၊ ဆန်းသစ်လိုက်ခြင်းဖြစ်၏။ ပရောဖက်ကြီး အီဇာအီယ ဟောကြားထားသကဲ့ သို့ပင် "သင်တို့၏အပြစ်များသည်ရောင်စုံ သွေးကြွနေသော်လည်း နှင်းပွင့်ကဲ့သို့ဖြူစင် သွားပေလိမ့်မည်။" အာပတ် ဖြေခြင်းစက္ကရာမင်တူး၌ ‌ခရစ္စတူးသခင်သည် ကျွန်ုပ်တို့၏အပြစ်များကိုဆေးကြောသန့်စင်ပေးကာ အသက်တာသစ်ကို စတင်ခြေလှမ်းစနိုင်ရန်အတွက် အစပျိုးပေးလိုက်သည်။          

၂။ ပြင်ဆင်ခြင်း

ရဟန်းမင်းကြီး စိန့်ဂျွန်‌ပေါလ် (၂) မိန့်ကြားသည်မှာ "ကျွန်ုပ်တို့ကိုယ်ကိုပြင်ဆင်၍ ယေဇူးသခင်အားကြိုဆိုခံယူရန်မှာ ပထမဦးဆုံးနှင့် အရေးကြီးဆုံးကား ဆုတောင်းခြင်းကို အပူတပြင်းပြုလုပ်ရန် နှင့်ယုံကြည်ရန်ဖြစ်သည်။ မိမိတို့၏ နှလုံးသား၌ ယေဇူးသခင်အတွက်နေရာ ပြင်ဆင်ထားနိုင်ရန်မှာ သူ၏ချစ်ခြင်း၌ မိမိတို့၏အသက်တာကို ပြောင်းလဲပစ်ရန် လိုပါသည်။   

အာပတ်ဖြေခြင်း စက္ကရာမင်တူးသည် အလွန်အစွမ်းထက်သော ဆုတောင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များ ကိုမောင်းနှင်ထုတ်ပစ်နိုင်သော လက်နက်ကောင်းတစ်လက်ဖြစ်သည်။ မှောင်မိုက်ခြင်းကိုလည်း ဖြတ်တောက်ပစ်ပေးသော ထက်ရှလှသည့်ဓားသွားတစ်လက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ယေဇူးသခင်၏ အလင်းတော်နှင့် ချစ်ခြင်း၌ အပ်နှံထားကြပါစို့။    

၃။ နောက်ဆုံးသောနေ့ (စီရင်ခြင်းခံရမည့်နေ့) ကိုထောက်ရူဆင်ခြင်ခြင်း။

ရဟန်းမင်းကြီးဖရန်စစ်ကလည်း "အာဒ်၀င်တူးကာလ၌ ကျွန်ုပ်တို့သည် ခရစ္စမတ်ကိုမျှော်လင့်ရုံသက်သက်မျှဖြင့် အသက်မရှင်သင့်။ ယေဇူးသခင်၏နေက်ဆုံးနေ့၌ ဘုန်းတော်ဂုဏ်တော်နှင့် ပြန်လည်ကြွမြန်းလာခြင်းကိုမျှော်လင့်၍ ရှင်သန်ရမည်။ ကျွန်ုပ်တို့ကိုယ်ကို ပြင်ဆင်ထားရမည်။ နောက်ဆုံးအချိန်၌ ကိုယ်တော်နှင့်အကောင်းဆုံး ဆုံဆည်းနိုင်ရန်မျှော်ရည်လျှက် ကျွန်ုပ်တို့ကိုယ်ကို ကောင်းမှုများပြုရန် ရဲရင့်ပြတ်သားစွာရွေးချယ်လုပ်ဆောင်ရမည်။ ကျွန်ုပ်တို့သည် ခရစ္စမတ်ကိုတမ်းတ နေကြသကဲ့သို့ ကိုယ်တော်၏ ပြန်လည်ကြွမြန်းလာခြင်းကိုလည်း စိတ်အားထက်သန်စွာစောင့်စား နေရမည်။ ထို့အတူ ယေဇူးသခင် ကျွန်ုပ်တို့ တစ်ဦးစီအား ခေါ်သောအခါ ကိုယ်တိုင်ကိုယ်ကျ ဆုံဆည်း ရမည့်အချိန်ကိုလည်း သတိရရမည်။ ခရစ်ယာန်များအတွက် ယေဇူးသခင်၏ "ဘုန်းတော်ဂုဏ်တော်နှင့်ကြွလာခြင်း" ကိုထောက်ရှုရာ၌ အဓိပ္ပါယ်နှစ်မျိုးရှိသည်။ ရှုထောင့်နှစ်မျိုးရှိသည်။ ယေဇူးသခင်၏ ပထမအကြိမ်ကြွလာခြင်းသည် လူ့သွေးသားအပြည့်ဖြင့် ဘက်သလင်ဟင် ၌မွေးဖွားခဲ့သည့်အဖြစ်အပျက်ကို ဆင်ခြင်ခြင်းဖြစ်သည်။ ကျမ်းစားတော်၌ သော်လည်းကောင်း၊ အစဉ်အလာအရ "ယုံကြည်ခြင်းအချုပ်" ၌ ရွတ်ဆို ပူဇော်သကဲ့သို့ ယေဇူးသခင်သည် သူ၏ "ဘုန်းတော်ဂုဏ်တော်အပြည့်" ဖြင့်နောက် တဖန်ကြွလာတော်မူမည်။    

ထို့အတူ အာပတ်ဖြေခြင်းစက္ကရာမင်တူးသည် ကျွန်ုပ်တို့အားစီရင်ရန်ကြွလာမည့် ယေဇူးသခင်နှင့်တွေ့ဆုံရန် အသင့်ပြင်ဆင်ထားပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ယေဇူးသခင်ရှေ့မှောက်၌ အသင့်ရပ်လျှက် သူ၏တရားမျှတစွာ ချမှတ်မည့်စီရင်ချက်ကိုခံယူရန် အသင့်ရှိ နေပါမည်လော။

၄။ နောင်တစွဲခြင်း။

ကက်သလစ်ဘာသာ၀င် အတော်များများအဖို့ အာပတ်ဖြေခြင်းသည် နောင်တစွဲခြင်းအမှုဖြစ်သည်။ နေရာအတော်များများ၌ အာပတ်ဖြေခြင်းကိုကောင်းစွာပြုလုပ်ရန် အဆင်‌မပြေ၊ အခြေအနေမပေးသကဲ့သို့၊ အာပတ်ဖြေ နားထောင်ပေးမည့် ဘုန်းတော်ကြီးကို တွေ့ဆုံရန်မှာလည်း အလွန်ခက်ခဲသည်။ စုံလင်သောနောင်တဖြင့် အာပတ်ဖြေခြင်းကို ကောင်းစွာပြုလုပ်နိုင်ရန်မှာ မိမိ၏ဩတ္တပ္ပစိတ်ကို ပြန်လည်စစ်‌ ဆေးရန်လိုသည်။ ၀ိညာဉ်ရေး ၀တ္တရားများ၌ပျက်ကွက်မှုများကို ရိုးသားစွာထောက်ရှု၀န်ခံရန်လိုသည်။ အာပတ်ဖြေနားထောင်ပေးသော ရဟန်းတော်သည် အပြစ်လာရောက်တင်လျှောက်သူအား ဘုန်းတော်ကြီးအနေဖြင့် ၀ိညာဉ်ရေးဆိုင်ရာအကြံဉာဏ်များပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကောင်းစွာပြင်ဆင်နောင်တရယူ၍ အာပတ်လာဖြေသောသူအား အပြစ်ခွင့်လွှတ်ခြင်းမေတ္တာကို ရွတ်ဆို ကောင်းကြီးပေးပြီး ပြန်လွှတ်ကောင်း ပြန်လွှတ်ပေမည်။ သို့သော် သူ၏အပြစ်သည် ခွင့်လွှတ်ခံရပြီဟု ယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော် တင်လျှောက်သော အပြစ်များနှင့်စပ်လျင်း၍ အပြစ်ခွင့်လွှတ်ခြင်းရသည်မဟုတ်။ ဩ၀ါဒတိုပေးခြင်းသည် အပြစ်သို့မကျရောက်စေရန် အဘယ်သို့နေထိုင် ဆင်ခြင်ရမည်ကိုသာ လမ်းညွှန်ပေးခြင်းသာဖြစ်သည်။ အာဒ်၀င်တူးကာလ၌ အထက်ကဆိုခဲ့သော အချက်များအားလုံးကို ဖြည့်ဆည်းလုပ်ဆောင် ပေးလျှက်ရှိသည်။ နောင်တတရား အဖြစ်ဘုရားသခင်အား အပ်နှံပေးခြင်းဖြစ်သည်။ အာဒ်၀င်တူးကာလ၏ ကျင့်စဉ်နှင့်လည်းအလွန် ကိုက်ညီသည်။      

၅။ ဘက်သလင်ဟင်ဆီသို့ခရီးပြုကြပါစို့။

ကျွန်ုပ်တို့သည် ယေဇူးနှင့်အမိမယ်တော်ကဲ့သို့ နွားတင်ကုပ်စားခွက်သို့ အဘယ်သို့ခရီးပြုမည်နည်း။ အလွန်အ ရေးကြီးသော ဤ ၀ိညာဉ်ရေးခရီးစဉ်လည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အဘယ်သို့ ဘုရားသခင် ကိုပုံတုယူ၍ နီးစပ်စွာနေထိုင်ခဲ့ ကြောင်းကိုဆင်ခြင်ရမည်ဖြစ်သည်။

အာပတ်ဖြေခြင်းစက္ကရာမင်တူး၌လည်း ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏အနီးအပါးသို့ နီးနိုင်သမျှနီးအောင်ဆွဲခေါ်သည်။ သူ၏ချစ်ခြင်း၊ သနားခြင်းကိုလည်းသွန်းလောင်းပေးသည်။ အာပတ်ဖြေခြင်းစက္ကရာမင်တူးသည်  ကျွန်ုပ်တို့အားဘုရားသခင်နှင့်နီးအောင် ပြန်လည်ဆွဲခေါ်သွားပေးသည်။ အာပတ်ဖြေခြင်း စက္ကရာမင်တူးအားဖြင့် ကျွန်ုပ်တို့သည်အပြစ်အကြေးအညှော်မှ ကင်းစင်သွားပြီး၊ ဘက်သလင်ဟင်မှ သန့်‌ရှင်းသောအိမ်ထောင်စု၏ အလယ်တွင် နွေးထွေးစွာမတ်တပ်ရပ် နေသကဲ့သို့ဖြစ်သည်။     

၆။ မစောင့်ပါနှင့်။

အာဒ်၀င်တူးကာလကို ပြင်ဆင်ရန်အတွက် အချိန်ကပ်မှအာပတ်ဖြေခြင်းသည် ခရစ္စမတ်ပွဲအတွက်နောက်ဆုံး အချိန်မှစျေး၀ယ်ထွက်သကဲ့သို့ပင် ဗျာများရသည်။ ရှုပ်ထွေးရသည်။ ပူပန်ရသည်။ ဤသို့မဖြစ်ရလေအောင် အာဒ်၀င်တူး ကာလ၏အစပိုင်းမှစ၍ အချိန်ယူကာ အကောင်းဆုံးပြင်ဆင်ပြီးနောက် အာပတ်ဖြေခြင်းဖြစ်သည်။ နောက်ဆုံးအချိန်မှ အာပတ်ဖြေလျှင် သင်တို့ကဲ့သို့ နောက်ဆုံးအချိန်ထိ စောင့်ဆိုင်းနေကြသောသူများကြောင့် အာပတ်ဖြေရန် အချိန်ကြာမြင့်စွာ‌ စောင့်ရမည်။ စိတ်မရှည်၍ မဖြေဘဲပြန်ထွက်သွားမည်။ အာရုံနောက်ပြီး စိတ်ပျံ့လွှင့်သောကြောင့် မိမိကိုယ်ကို ကောင်းစွာမစစ်ဆေးနိုင်သည်များလည်း ဖြစ်ရသောကြောင့် ကြိုတင်၍ပြင်ဆင်ကာ ခရစ္စမတ်ကို အကောင်းဆုံးဆင်နွှဲနိုင်ရန် ဤ၀ိညာဉ်ရေးအကြံပြုချက် (၆) ချက်ကို ခရစ်စမတ်လက်ဆောင်အဖြစ် ပေးလိုက်ရပါသည်။

ဖာသာရ်ကလေးမင်းအားတယ်
#Photo Crd

ဆောင်းပါးများ