Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ငရဲငယ်ဝိညာဉ်များအကြောင်း(၃)။ #မစ္စတာ(ဂျိုးဇက်လားရှိုး)၏ဆောင်းပါးများမှကူးယူဖော်ပြသည်။

()။ အီတလီနိုင်ငံ၊ အစီစီမြို့အနီးရှိ ဖိုလစ်နိုမြို့ ၌ ဖရန်စစ္စကန်သီလရှင်ကျောင်းတစ်ခုရှိခဲ့သည်။ ထိုကျောင်း၏ အကြီးအကဲအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူသီလရှင် ထရေဇားရက်စ်တာနှင့် ပတ်သက်၍ ၎င်း၏ဝိဥာဉ်ရေးအခြေအနေကို သန့်ရှင်းဖြူစင်စွာ ထိန်းသိမ်းထားခဲ့သောကြောင့် ဘုရားသခင်၏ သနားခြင်းကရုဏာကို ခံစားလျှက် ကောင်းကင်နိုင်ငံ၏ ဆုကျေးဇူးတော်ကို ခံစားရပါလိမ့်မည်ဟု ၎င်း၏ ဝိဥာဉ်ရေး ညွှန်ကြားရေးမှူးက မှတ်ချက်ပေးခဲ့သည်။ ထရေဇားသည် ၄-၁၁-၁၈၅၉ ရက်နေ့၌ သေဆုံးခဲ့သည်။

၁၂ရက်ကြာသောအခါ ၎င်း၏ နေရာကို ဆက်ခံခဲ့သူ သီလရှင်အယ်နာဖယ်လီဆီယာ ဆိုသူသည် တနေ့၌ ထိုကျောင်းအတွင်းရှိ မိမိအခန်းထဲဝင်ရန်ပြုသောအခါ ညည်းညူသံကိုကြားခဲ့ပြီး တံခါးကိုဖွင့်ကြည့်ရာ မည်သူကိုမျှမတွေ့ရပါ။ နောက်တဖန် ပိုမိုရှင်းလင်းသော ညည်းညူသံကို ကြားခဲ့ပြန်သည်။ ထို့ကြောင့် အနည်းငယ် ကြောက်ရွံ့ခြင်းဖြင့် ယေဇူးမာရိယားဟု ရွတ်ဆိုခဲ့သည်။ ထိုအချိန် "အိုဘုရားသခင် ကျွန်မ မည်မျှခံစားနေရပါသနည်း" ဟူသော စကားသံကိုကြားခဲ့ရသောအခါ ထိုအသံသည် သေဆုံးပြီးသော သီလရှင်ထရေးဇား၏ အသံဖြစ်သည်ကို သတိပြုခဲ့မိသည်။ ချက်ခြင်းလိုပင် ထိုအခန်းတွင် ထူထပ်သော မီးခိုးများနှင့်တကွ သီလရှင်ထရေဇား ထင်ရှားပြခဲ့သည်။ ဘုရားသခင်၏ သနားခြင်း ဂရုဏာ၏ အထောက်အထားကို ကြည့်လော့ဟုဆိုပြီး အခန်းတံခါး၏ အထက်နား၌ မိမိလက်ဖဝါးဖြင့်ရိုက်ချပြီး ထိုလက်ဝါးအရာကို ထင်စေခဲ့သည်။ ထင်နေသော လက်ဝါးအရာ မီးလောင်ကျွမ်းခဲ့သည်။

သီလရှင် အယ်နာသည် တုန်လှုပ်ချောက်ချားပြီး ဟစ်အော်ခဲ့သောကြောင့် အခြားသီလရှင်များ ပိုင်းဝန်းလာခဲ့သောအခါ သစ်သားမီးလောင်ကျွမ်းသော အနံ့ကိုခံကြပြီး မေးမြန်းခဲ့ရာ အဖြစ်အပျက်ကို ပြောပြခဲ့သည်။ နောက်ရက်များတွင် သီလရှင်အားလုံးတို့သည် ဘုရားဝတ်ပြုပြီး နံနက်ကိုယ်တော်မြတ်ကို ပင့်ယူခြင်းကိုလည်း သီလရှင်ထရေဇားဂက်စ်တာ၏ ဝိညာဉ်အတွက် ပူဇော်ခဲ့ကြသည်။ ဤသတင်း ကြားခဲ့သော မြို့ပေါ်ရှိ အခြားသီလရှင်ကျောင်းမှ သီလရှင်များသည်လည်း ထိုဝိဥာဉ်အတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြသည်။ 

သုံးရက်လွန်သောနေ့ ၁၈၅၉ ခု နိုဝင်ဘာ (၁၈) ရက်နေ့၌ သီလရှင် အယ်နာသည် ဘုရားဝတ်ပြုနေချိန်တွင် သီလရှင်ထရေဇား၏ ခေါ်သံကိုကြား၍ ကြည့်ခဲ့ရာ အလင်းရောင်ပတ်လည်ဖြင့် ပြုံးရွှင်သောမျက်နှာဖြင့် ပြောခဲ့သည်မှာ ငါသည် ယေဇူးသခင်၏ ဒုက္ခခံသော သောကြာနေ့၌ သေဆုံးခဲ့ပြီး သောကြာနေ့မှာပင် ကောင်းကင်နိုင်ငံသို့ပင် ခွင့်ရရှိခဲ့သည်။ လက်ဝါးကပ်တိုင်ကို ထမ်းနိုင်ရန် အားမွေးပါ။ အနစ်နာခံဘို့ သတ္တိရှိပါ။ ဆင်းရဲခြင်းကို နှစ်သက်မှု ရှိပါ" ဟုဆိုပြီး နှုတ်ဆက်ကာ ပျောက်ကွယ်သွားခဲ့သည်။

ဤကိစ္စကို ၁၈၅၉ ခု၊ နိုဝင်ဘာ (၂၃) ရက်နေ့၌ စုံစမ်းစစ်ဆေးရန် ထရေဇား၏ အလောင်းကို တူးဖော်၍ ကြည့်ခဲ့ရာ တံခါးပေါ် ထင်စေခဲ့သော ထရေဇား၏ လက်ဝါးအရွယ်အစားသည် ထရေဇား၏ အလောင်းမှလက်ဝါး၏ အရွယ်အစားနှင့် ထပ်တူထပ်မျှ ရှိခဲ့သည်ကို လူအများက မြင်တွေ့ ခဲ့ကြကြောင်း သိရပါသည်။ 

()။ ကာသရင်းပါလူဇီ(Paluzzi)နှင့် သီလရှင် ဘာနာဒင်းတို့ အသက်ရှင်နေခဲ့သော အချိန်၌ ဝိညာဉ်ရေး တိုးတက်မှုအတွက် အမြဲတန်း အပြန်အလှန် ဆွေးနွေးတိုင်ပင်၍ တစ်ဦးကိုတစ်ဦး အားပေးကူညီခဲ့ကြသည်။ ၎င်းတို့သည် အီတလီနိုင်ငံ (Nepi)နေပြီမြို့ရှိ ဒေါမိနိကန် သီလရှင်ကျောင်း၌ နေခဲ့ကြသည်။ သီလရှင် ဘာနာဒင်းသည် ကျန်းမာရေးအားနည်းပြီး သေခါနီး၌ ငါသည် သေလွန်ပြီးသော်လည်း ဘုရားသခင်ရှေ့၌ သင်ကို မေ့မည်မဟုတ်ပဲ ဘုရားသခင်ခွင့်ပြုပါက သင့်ပိဥာဉ်ရေးတိုးတက်မှုရရှိဖို့ သင့်အား လာရောက်ကူညီ အားပေးပါမည်ဟု ကတိပြုခဲ့ပြီး ကာသရင်း၏ လက်ပေါ်မှာပင် သေဆုံးခဲ့သည်။ ကာသရင်းသည်လည်း ဘာနာဒင်းအတွက် များစွာဆုတောင်းပေးခဲ့သည်။

တနှစ်ကုန်ဆုံးသောအခါ ဘာနာဒင်း သေဆုံးသော တစ်နှစ်ပြည့်သောနေ့၌ ကက်သရင်းသည် ဘာနာဒင်း၏ ဝိညာဉ်အတွက် ဆုတောင်းနေစဉ် တွင်းတခုအတွင်းမှ မီးခိုးများနှင့်အတူမီးဖွားများ ထွက်လာပြီးနောက် ထိုမီးခိုးမီးဖွားများ ငြိမ်းသွားသောအခါ ဘာဒင်းအား အလင်းရောင်ပတ်လည်ဖြင့် အံ့ဩစွာတွေ့မြင်ခဲ့ရပြီး "ကျွန်မသည် ထိုနေရာ၌ တနှစ်ခန့် ဝေဒနာခံစားနေခဲ့ရပြီး ယနေ့မှာပင် ကောင်းကင်နိုင်ငံသို့ ဝင်ခွင့်ရရှိခဲ့ပါသည်၊ သင်သည် သန့်ရှင်းသော မွန်မြတ်သော နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်၍ ချစ်ခင်ခြင်းနှင့် သနားကြင်နာခြင်း ပါရမီများကို ကျင့်သုံးပါ။ ဘုရားသခင်၏ သနားခြင်း ကရုဏာကို ခံစားရပါလိမ့်မည်" ဟု ဆိုခဲ့သည်။

(၃)။ အန်ဝက်မြို့၌ ညီအစ်ကိုတို့သည် မိမိတို့အိမ်၌ ဆိုင်ခန်းတစ်ခု ဖွင့်ထားလျက် စီးပွားရေး ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ဆယ်နှစ်အရွယ်ခန့် ကလေးတစ်ဦးကို မွေးစားခဲ့ကြသည်။ ချစ်စရာကောင်းသော ဤဆယ်နှစ်အရွယ်ခန့် ကလေးငယ်သည် အစစအရာရာ၌ လိမ္မာစွာနေခဲ့သောကြောင့် ထိုကလေးအား လိုလေသေးမရှိအောင် ပြုစုခဲ့ကြသည်။ တစ်နေ့၌ ထိုကလေးအား ဘုန်းတော်ကြီး ဖိလစ်ဆကူးစ်ထံသို့ ခေါ်ဆောင်လာပြီး ပြောခဲ့ကြသည်မှာ ဤကလေးသည် ကျန်းမာပျော်ရွှင်စွာ နေခဲ့ရာမှ လွန်ခဲ့သော ရက်ပိုင်းမှစ၍ ကြောက်ရွံ့ခြင်းနှင့်တကွ ကျန်းမာရေး ထိခိုက်လာပြီး ကိုယ်အလေးချိန် လျော့နည်းလာသောကြောင့် ၎င်းအတွက် စိတ်ပူကြပါသည်။ ညတိုင်းလိုပင် လူတစ်ဦးသည် ၎င်းအား ထင်ရှားပြပြီး ပျောက်ကွယ်သွားပါသည်။ ထိုလူကိုရှင်းလင်းစွာ တွေ့ရကြောင်းပြောပါသည်ဟု ဖြစ်သည်။ ဘုန်းတော်ကြီးက ဘုရားသခင်မတတ်နိုင်သည့် အရာတခုမျှမရှိပါ။ ယင်းတို့ နှစ်ဦးသည် မကောင်းဟူသမျှမှ ကင်းလွတ်စေခြင်းငှာ ကောင်းစွာအာပတ်ဖြေပြီး ကိုယ်တော်မြတ်ကို ပင့်ယူကြပါဟု ဆိုခဲ့သည်။ သို့သော်လည်း ညီအစ်ကိုနှစ်ယောက်တို့သည် နောက်တဖန်ပြန်လာ၍ အကြောင်းမထူးပါကြောင်း၊ ကူညီပါရန် မေတ္တာရပ်ခံခဲ့ကြသည်။

ဘုန်းတော်ကြီးသည် စဉ်းစား၍မရနိုင်ဘဲ အကြံပေးခဲ့သည်မှာ ယခုညမှစ၍ ထိုကလေးအိပ်သော အခန်းတံခါးပေါက်၌ စောင့်နေကြပါ။ ကလေးသည် ထင်ရှားပြကြောင်း အချက်ပေးသောအခါ ခံတံနှင့် စက္ကူကို ကိုင်ထားလျက် အောက်ပါအတိုင်း မေးမြန်းကြပါဟု ဆို၍ ဘုရားသခင်၏ နာမတော်အားဖြင့် သင်မည်သူဖြစ်သနည်း။ မည်သည့်နေရာ၌ သေဆုံးသနည်း။ မသေဆုံးမီမည်သည့် အရပ်၌နေခဲ့သနည်း။ မည်သည့်အတွက် ယခုထင်ရှားပြပါသနည်းဟူ၍ မေးမြန်းရန် မေးခွန်းများ ပို့ချပေးခဲ့သည်။ ဘုန်းတော်ကြီး ပေးခဲ့သောအကြံအတိုင်း စောင့်၍ မေမြန်းခဲ့သောအခါ၊ ၎င်း၏ အမည်နာမကို ပြောပြခဲ့ပြီး အန်ဝတ်မြို့၌ ၁၆၃၆ ခုနှစ်တွင် သေဆုံးခဲ့ကြောင်း ဘဏ်လုပ်ငန်းစာရင်းပညာကို သင်ကြားခဲ့ပြီး ထိုညီအစ်ကိုနေထိုင်သော လက်ရှိအိမ်၌ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၎င်းသေဆုံးပြီး ငရဲငယ်၌ ရှိနေသောအခါ နီးစပ်သူများ၏ ဆုတောင်းပေးခြင်း အနည်းငယ်သာ ဖြစ်ကြောင်း၊ ထိုကြောင့် ဤအိမ်၌ ရှိသူများအားလုံး မိမိအတွက် ကိုယ်တော်မြတ်ကို ပင့်ယူကြပြီးနောက် ဒါဏ်မြို့ ရှိ ဘုရားကျောင်းနှစ်ခုသို့ ဘုရားဖူးသွားရောက်၍ ၎င်းအတွက် ဆုတောင်းပေးရန် တောင်းဆိုခဲ့သည်။

ဘုန်းတော်ကြီး ဖိလစ်ထံသို့ သွားရောက်၍ အဖြစ်အပျက်များကို ပြောသောအခါ ဘုန်းတော်ကြီးက ၎င်း၏ ဆန္ဒအရ ဆောင်ရွက်ပေးသင့်ပါသည်ဟု အားပေးခဲ့ပြီး သင်တို့ ဆောင်ရွက်ချက်များ ပြီးဆုံးသောအခါ ထိုသူသည် နောက်တစ်ဖန် ထင်ရှားပြပါက ၎င်းအား ကောင်းကင်ဘုံမေတ္တာတစ်ပုဒ်၊ ဂုဏ်ကျေးဇူး မေတ္တာတစ်ပုဒ်၊ အားလုံးစုံမေတ္တာ တစ်ပုဒ်ကိုဆိုရန် တောင်းဆိုပါဟု မှာကြားခဲ့သည်။ ထိုအိမ်ရှိ အားလုံးတို့သည် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ပြီးနောက် ထိုဝိညာဉ်သည် တဖန်ထင်ရှား ပြသောအခါ သတ်မှတ်ထားသော မေတ္တာများကို ဆိုခဲ့ကြောင်း၊ ထူးဆန်းချက်မှာ ထိုမေတ္တာများကို လွန်စွာရိုသေလေးစားမှုဖြင့် ဆိုခဲ့သည်ကို ကြားခဲ့ကြသော ညီအစ်ကို နှစ်ယောက်တို့သည် အံ့သြခြင်းများစွာဖြင့် မိမိတို့ တစ်အိမ်သားလုံးအတွက် အတုယူရန် အကြောင်းပေါ်ပေါက်ခဲ့ပါသည်။ ယခင်က ပေါ့ဆစွာ နေထိုင်သော်လည်း ပြောင်းလဲခြင်းများစွာ ရှိခဲ့ပါသည်။ တစ်ခုလိုခဲ့သည်မှာ၊ တစ်အိမ်သားလုံးအာပတ်ဖြေ၊ ကိုယ်တော်မြတ် ပင့်ယူခဲ့သောအခါ မိမိတို့ ဆိုင်ခန်းတွင် ခန့်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်းစွာဝတ္တရားမကျေခဲ့သောကြောင့်၊ ထိုဝိညာဉ်အတွက် အနည်းငယ်နှောင့်နှေးခြင်း ရှိခဲ့ပါသည်။ ထိုအမျိုးသမီးသည်လည်း မိမိ၏အမှားကို ဝန်ခံလျက်များစွာ ကြောက်ရွံ့ခဲ့ပြီး သီလရှင်ကျောင်းတစ်ခု၌ ဝင်ရောက်၍ ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ခဲ့သည်သာမက၊ ထိုသီလရှင်ကျောင်း၏ အကြီး အကဲလည်း ဖြစ်လာခဲ့ကြောင်း ဘုန်းတော်ကြီး ဖိလစ်၏ မှတ်တမ်းများ၌ ဖော်ပြထားရှိပါသည်။ 

()ကုန်လုံးတက္ကသိုလ်၌ ပညာသင်ကြားနေခဲ့သော ကျောင်းသားများအနက် ဒေါမိနီကန်အသင်းဝင် နှစ်ဦးတို့သည်လည်း တက်ရောက်ခဲ့ကြသည်။ ထိုနှစ်ဦးတို့အနက် တစ်ဦးမှာ နောက်ပိုင်းတွင် သူတော်မြတ်အဖြစ် တင်မြှောက်ခြင်းခံခဲ့ရသော ဟင်နရီဆူဆူ(St. henry suso) ဖြစ်သည်။ ဤနှစ်ဦးတို့သည် အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အစစအရာရာ၌ ကူညီအားပေးခဲ့ကြသည်သာ မကဘဲ၊ သေလွန်ပြီးကလည်း တစ်ဦးကိုတစ်ဦး တစ်နှစ်ပတ်လုံးအတွက် တစ်ပတ်လျှင်နှစ်ကြိမ် မစ္ဆားပူဇော်ပေးရန် ကတိပြုခဲ့ကြသည်။ မကြာမီ ဤနှစ်ဦး တို့သည်၊ သာသနာပြုလုပ်ငန်းကို တာဝန်ယူကာ တစ်နေရာစီ ပြောင်းရွေ့သွား၍ လုပ်ငန်းဆောင်ရွက် ခဲ့ကြသည်။

နှစ်များကြာသောအခါ၊ ဆူဆူသည် အမည်မဖော်ပြထားသော မိတ်ဆွေ ဘုန်းတော်ကြီး၏ သေဆုံးခဲ့သော သတင်းကိုကြား၍ ဝမ်းနည်းခြင်းကြီးစွာဖြင့် ၎င်း၏ ဝိညာဉ်အတွက် ဆုတောင်းပေးခဲ့သည်။ ဒဏ်ဆပ်ဖြေပေးခဲ့သည်။ ကောင်းမှုများကို ပြုလုပ်ခဲ့သည်။ သို့သော် နှစ်ကြာခဲ့သောကြောင့် ကတိထားခဲ့သည် အတိုင်းမစ္ဆားပူဇော်ပေးရန် သတိမထားခဲ့ပါ။ တစ်နေ့၌ နံနက်မေတ္တာဆို၍ ဘုရားဝတ်ပြုနေချိန်တွင် သေဆုံးခဲ့သော မိတ်ဆွေဘုန်းတော်ကြီးသည် ထင်ရှားပြ၍ မိမိထားခဲ့သည့် ကတိအတိုင်း မစ္ဆားပူဇော်ပေးခဲ့ခြင်း မရှိခဲ့သည့်အတွက် သတိပေးခဲ့သည်။ ဘုန်းတော်ကြီး ဆူဆူကလည်း မိမိသူငယ်ချင်းအား သတိမမေ့ဘဲ များစွာမေတ္တာဆိုခဲ့ကြောင်းပြော၍ နှစ်သိမ့်မှုပေးခဲ့သည်။ သို့သော် မိမိက ကတိပြုခဲ့သည်ကို မေ့သွားသည့် အတွက် ဝမ်းနည်းကြောင်း ပြောပြခဲ့သည်။ ထိုအခါ သေဆုံးခဲ့သော ဝိဥာဉ်သည်။ အခြားမည်သည့် ကောင်းမှုကုသိုလ်မျှ မိမိ၏ ကယ်ချွတ်ခြင်းအတွက် လုံလောက်သည် မဟုတ်ပါ။ ယေဇူး၏ အသွေးတော် အားဖြင့်သာ ကျွန်ုပ်ခံစားနရေသော မီးဒဏ်များကို ငြိမ်းပေးနိုင်ပါသည်။ ထို့ကြောင့် သင်ကတိပြုခဲ့သည့်အတိုင်း မစ္ဆားပူဇော်ပေးရန် မငြင်းဆိုပါနှင့်ဟု တောင်းပန်ခဲ့သည်။ ဘုန်းတော်ကြီး ဆူဆူသည် ဝေဒနာခံစားနေရသော မိမိငယ်မိတ်ဆွေ သူငယ်ချင်း၏ ဝိညာဉ်အတွက်များစွာ စိတ်မကောင်းဖြစ်ပြီး ထိုနေ့စ၍ အဆက်မပြတ် နေ့စဉ်မစ္ဆားပူဇော် ပေးခဲ့သည်သာ မကဘဲ အခြားဘုန်းတော်ကြီးများကိုလည်း အကူအညီတောင်းခံ၍ မစ္ဆား ပူဇော်ပေးစေခဲ့သည်။ ရက်ပေါင်းများစွာ ကျော်လွန်သောအခါ သေဆုံးသော ဘုန်းတော်ကြီး၏ ဝိညာဉ်သည် ပျော်ရွင်သောအမူအယာဖြင့် ထင်ရှားပြ၍ ကျေးဇူတင်ခဲ့ပြီး သခင်ယေဇူး၏ အသွေးအားဖြင့် မိမိကယ်တင်ခြင်း ရရှိခဲ့သဖြင့် ယခုကောင်းကင်နိုင်ငံ၌ ဘုရားသခင်နှင့် တွေ့ဆုံရန် သွားမည့်အကြောင်းကိုပြော၍ နှုတ်ဆက်ခဲ့ပြီး ပျောက်ကွယ်သွားသည်။

()စိန့်ဘားနာဒ်အသက်ရှင်နေစဉ် မိမိကျောင်းရှိ ဘုန်းတော်ကြီးများအနက် တစ်ပါးပျံလွန်ခဲ့သည်။ ပျံလွန်ခဲ့သူသည် စိန်ဘားနာဒ်၏ ဆုတောင်းပေးခြင်း ဒဏ်ဆပ်ပေးခြင်းနှင့် မစ္ဆားပူဇော်ပေးခြင်းများဖြင့် ကယ်တင်ခြင်း ရရှိခဲ့သည်။ မကြာခင် ထိုဝိဥာဉ်သည် စိန့်ဘားနာဒ်အား ထင်ရှားပြ၍ ကျေးဇူးတင်ခဲ့သည်။ စိန့်ဘာနာဒ်သည် ထိုဝိညာဉ်အား မိမိကယ်တင်ခြင်း ရရှိခဲ့သည်မှာ မည်သည့် အကျိုးကျေးဇူးတော်ကအများဆုံး အထောက်အကူပေးခဲ့သည်ကို မေးမြန်းခဲ့သည်။

ထိုဝိဥာဉ်သည် ဤမေးခွန်းကို နှုတ်ဖြင့် ဖြေကြားခြင်းမရှိဘဲ၊ စိန့်ဘားနာအား ဘုရားကျောင်းထဲသို့ ခေါ်ဆောင်သွားပြီး ထိုအချိန် မစ္ဆားပူဇော်နေချိန်ဖြစ်၍ ဘုရားစင်ကိုညွှန်ပြကာ ကျွန်ုပ်အား ငရဲဒဏ်မှ ကယ်ချွတ်ခဲ့သော၊ ကျွန်ုပ်အား ချည်နှောင်ထားခဲ့သော သံကြိုးများကို ဖြုတ်ပေးခဲ့သော ကယ်ချွတ်ခြင်း ခွန်အားသည် လောကီအပြစ်ကို လွှတ်တော်မူသော ကိုယ်တော်မြတ်ပင် ဖြစ်သည်ဟု သက်သေခံပြောသွားခဲ့သည်။

သေလွန်ပြီးသော ဝိဉာဉ်များအတွက် မစ္ဆားပူဇော်ပေးခြင်းသည် ဤမျှ တန်ဖိုးမဖြတ်နိုင်သော အထောက်အကူပြုပါက အသက်ရှင်နေကြသော ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ကို မည်မျှတန်ဖိုးထား၍ ပင့်ယူရမည်ကို လေးနက်စွာ စဉ်းစားသင့်ပါသည်။

#မစ္စတာ(ဂျိုးဇက်လားရှိုး)၏ဆောင်းပါးများမှကူးယူဖော်ပြသည်။

ဆောင်းပါးများ