#ရဟန်းမင်းကြီးဖရန်စစ်သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်(ဂျီး ၂၀) ခေါင်းဆောင်များနှင့်တွေ့ဆုံရန်ပြင်ဆင်နေ #Pope Francis prepares to meet with Joe Biden and other G20 leaders
ရဟန်းမင်းကြီးဖရန်စစ်၏ လာမည့်ပတ်အစီအစဉ်၌ ရောမမြို့သို့ရောက်ရှိလာကြမည့် နိုင်ငံ့ခေါင်းဆောင်ကြီးများနှင့်တွေ့ဆုံသည့်အစီအစဉ်များဖြင့်ပြည့်နေပါသည်။ အဆိုပါနိုင်ငံ (၂၀)မှ ခေါင်းဆောင်ကြီးများသည် စီးပွါးရေးအင်အားကြီးနိုင်ငံ (၂၀) အစည်းအဝေးတက်ရောက်ရန်ဖြစ်သည်။ အဆိုပါ အစည်းအဝေးသည် အောက်တိုဘာလ (၃၀-၃၁) အထိ ကျင်းပမည်ဖြစ်သည်။ လာမည့် သောကြာနေ့၌ ရဟန်းမင်းကြီးသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့်တွေ့ဆုံမည်။ သမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
တနင်္လာနေ့၌မူ ဂျာမဏီသမ္မတ Frank-Walter Steinmeier နှင့်တွေ့ဆုံမည်ဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ဆုံခြင်းသည် ဂျာမဏီနိုင်ငံ၏ အဆင့်အမြင့်ဆုံးခေါင်းဆောင်နှစ်ဦးနှင့် တစ်လတာအတွင်း ဒုတိယအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အောက်တိုဘာ အစောပိုင်းက ရဟန်းမင်းကြီးသည် Angela Merkel နှင့်လည်း တွေ့ဆုံခဲ့သည်။ တရား၀င်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးသော်လည်း ရဟန်းမင်းကြီးသည် တောင်ကိုးရီးယားသမ္မတ Moon Jae-in နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ လက်ရှိ တောင်ကိုးရီးယား သမ္မတသည် ကက်သလစ်ဘာသာ၀င်ဖြစ်သည်။