အီတလီကက်သလစ်လူမူရေးအဖွဲ့၏တစ်ပတ်တာတွေ့ဆုံသည့်အစီအစဉ်သည် ပြီးခဲ့သော ကြာသပတေးနေ့က ပြီးဆုံးသွားပြီဖြစ်သည်။ ထိုတွေ့ဆုံပွဲကို အီတလီတောင်ပိုင်း၏ ကမ်းခြေမြို့ဖြစ်သော Taranto ၌ ကျင်းပခဲ့သည်။ ယခု တစ်ကြိမ်သည် (၄၉) ကြိမ်မြောက်ဖြစ်သည်။ ယခုတစ်ကြိမ်တွေ့ဆုံခြင်း၏ဆောင်ပုဒ်မှာ ‘ကျွန်ုပ်တို့မျှော်လင့်သောဂြိုလ်၊ ပတ်၀န်းကျင်၊ အလုပ်၊ အနာဂါတ် ဤအရာများအားလုံးသည် ဆက်စပ်နွယ်ယှက်လျှက်ရှိသည်’ ဟုဖြစ်သည်။ ဤတွေ့ ဆုံခြင်းအစီအစဉ်၌ပါ၀င်ခဲ့ကြသောသူများအား ရဟန်းမင်းကြီးက မျက်မှောက်ကာလ၏ ကြေးမုံပြင် အခြေအနေကိုမိန့် ကြားခဲ့သည်။ ဤအစီအစဉ်ကို အောက်တိုဘာလ (၂၁) မှ (၂၄) ရက်နေ့အထိကျင်းပခဲ့သည်။
#ပြောင်းလဲခြင်း
ရဟန်းမင်းကြီးသည် သူ၏ဩဝါဒ၌ ဤအဖှဲ့၏တှေ့ဆုံဆှေးနှေးမူအစီအစဉ်သည် ကျန်းမာရေးကိုခြိမ်းခြောက်သောကပ်ရောဂါဆိုးနှင့် လူမူရေးအကြပ်အတည်းကြုံနေရချိန်ဖြစ်ကြောင်း၊ ထို့ကြောင့်ဤအခြေအနေကို မိမိတို့နှင့်မဆိုင် သကဲ့သို့ လက်ပိုက်ဘေးထိုင်၍ကြည့်ကောင်းတိုင်းကြည့်ကာ အသင်းအဖွဲ့နှင့်လည်းကောင်း၊ အခြားသူများနှင့်ဆိုင်သော အမှုများကို လစ်လျူရူနေ၍မရ။ ကျွန်ုပ်တို့သည် ဂျုံမှုန့်ကိုဖောင်းပွလာအောင်လုပ်ဆောင်ရသော တဆေးကဲ့သို့ဖြစ်ရန် ခေါ်ဖိတ်ခြင်းခံရသည်။
ကပ်ရောဂါဆိုးကြီးသည် လူသားများသည် အရာရာကိုလုပ်နိုင်စွမ်းသည်ဟူသော လွှဲချောသည့်အတွေးကိုရိုက်ချိုးပစ်ခဲ့ သည်။ ထို့အတူ နယ်နိမိတ်အကန့်အသတ်ကိုပါ ဖြတ်သန်းကျော်လွှားဝင်ရောက်လာခဲ့ကြသည်။ မည်သည့်အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်မျိုးကို မဆို ဝင်ရောက်မွှေနှောက်ခဲ့သည်။ ဤအနေအထား၌ ရဟန်းမင်းကြီးက သဘာ၀ပတ်၀န်းကျင်နှင့် ဆိုင်သေ ာပြောင်းလဲမူကိုမေတ္တာရပ်ခံခဲ့သည်။
သန့်ရှင်းသောှိညာဥ်တော်၏ လမ်းပြဦးဆောင်မှုကို ကမ်းလင့်ကြိုဆိုရန်၊ ဆင်းရဲနွမ်းပါးသောသူ၊ အပယ်ခံ၊ စိတ်ပျက်အားလျော့နေကြသူများ၊ မသန့်ရှင်းသေ ာလေများကိုရူရှိုက်နေရခြင်း၊ ခေါင်းပုံ ဖြတ်အနိုင်ကျင့်ခံရသူ၊ အိမ်ရာမီးရှို့ဖျက်ဆီးခံရမူ၊ အကျင့်ပျက်ခြစားသည့်ယဉ်ကျေးမူကြီးထွားအားကောင်းလာခြင်းတို့၏ငိုညည်းသံကိုလည်း နားထောင်ရန်၊ ရဟန်းမင်းမင်းကြီးဖရန်စစ်သည် ကက်သလစ်ဘာသာတူများအား ‘လမ်းပြအမှတ်သင်္ကေတ’ သုံးခုကိုပြသထားသည်။
(၁)သွားလာစဉ် ဆုံဆည်းသောသူများကို သတိပြုရန်။
သွားရင်းလာရင်ဆုံဆည်းရသူများကိုသတိပြုပါ။ အချို့သည် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ အထူးသဖြင့်လူငယ်များသည် မိမိတို့၏ဇာတိချက်ကြွေ မွေးရပ်မြေကို မဖြစ်မနေစွန့်ခွာလာရပြီး၊ ရေခြားမြေခြား၌ အလုပ်လက်မဲ့ဖြစ်နေ ခြင်း၊ မတရားအနိုင်ကျင့် အမြတ်ထုတ်ခံနေရခြင်းများလည်းရှိနေသည်။ ကပ်ရောဂါဆိုးကြောင့် အလုပ်လက်မဲ့ဖြစ်နေသောအမျိုးသမီးများလည်း ရှိနေကြသည်။ အချို့မှာမူ မိခင်ဘ၀နှင့်ကျွမ်းကျင်သေ ာအလုပ်တစ်ခုခုကို ဦးစားပေးရွေး ချယ်ရမည့်အခြေအနေမျိုးနှင့်ကြုံနေသော အမျိုးသမီးများ၊ အလုပ်အကိုင်အခွင့်အရေးမဲ့နေသူများ၊ ဆင်းရဲနွမ်းပါးသူများ၊ ရွေ့ပြောင်းသွားသောဒေသရှိ ဒေသခံများ၏နွေးထွေးစွာကြိုဆိုခြင်းမခံရသောသူများ၊ သက်ကြီးရွယ်အိုများ၊ စွန့်ပစ်ခံထားရသူ၊ အထီးကျန်နေသူ၊ အကြွေးနွံထဲနစ်နေသော မိသားစုများ၊ လောင်းကစား၊ အကျင့်ပျက်ခြစားမူ၊ မာဖီးယားတို့၏ကြိုးကိုင်ခံနေရမူ၊ မီးဘေးဒုက္ခသည်များ ရှိနေကြပါသည်။ နေထိုင်မကောင်းသောလူကြီး၊ လူငယ်၊ ကလေးများ၊ မဖွယ်မရာသော အလုပ်များကိုငွေပေးခိုင်းစေခံနေရမူ၊ လုံခြုံမူမရှိသော အခြေအနေ၌ အလုပ်လုပ်နေရမူများလည်းရှိသည်။ ဤသို့သော အခြေအနေမျိုး၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်မဆိုင်သကဲ့သို့ နေထိုင်၍မရ။ ၎င်းတို့သည် ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ ၄င်းတို့အတွက်လည်း ယေဇူးသခင်ကားတိုင်ပေါ်တွင်အသေခံပြီး၊ ရှင်ပြန်ထမြောက်ခဲ့သည်။ သန့်ရှင်းသော ၀ိညာဉ်ဘုရား၏ အလင်းကျေးဇူးတော်ကြောင့် ဒုက္ခပင်လယ်ဝေနေသောသူများအားလုံး၏ မျှော်လင့်ချက်များ အမှန်တကယ်ပြည့်စုံလာစေရန်ဆုတောင်းပေးခဲ့သည်။
(၂)အစဉ်လှုပ်လှုပ်ရှားရှားရှိပါစေ။
ရဟန်းမင်းကြီး၏ ဒုတိယလမ်းညွှန်မှာ ‘ရပ်နားခြင်းမပြုရန်’ ဖြစ်သည်။ ပင်ပန်းနွမ်းနယ်မူကြောင့်၊ သို့မဟုတ် စိန်ခေါ်မှုများကြောင့် အလုပ်မှရပ်နားခြင်း၊ နုတ်ထွက်ခြင်းသည် ဧ၀ဂေလိတရားကို ဆိတ်သုန်းသွားစေသည်။ ဤအနေအထားနှင့်ဆန့်ကျင့်ဘက်တရားမှာ ဘုရားသခင်၏ချစ်ခြင်းသည် ရပ်တန့်မသွားပေ။ ကျွန်ုပ်တို့အားလည်း ရပ်တန့်မသွားရန်တွန်းအားပေးပေးသည်။ မျှော်လင့်ခြင်းသည် အစဉ်လှုပ်ရှားလျှက်ရှိသည်။ သင်္ကန်းလဲသည့်ခမ်းမ၌သာ အချိန်မဖြုန်းနှင့်။ မိမိနှင့်အကြိုက်တူသော လူတစ်စုတစ်ဖွဲ့များနှင့် မိမိကိုယ်ကိုသီးခြားခွဲမနေရန်၊ ပိတ်မိမနေစေနှင့်။ မကောင်းမူကို ရှောင်ကွင်းရန် ရည်ရွယ်၍ ခရစ်ယာန်များသည် လမ်းခုလပ်မှနားလိုက်ခြင်းကိုမပြုလုပ်သင့်။ ရင်ဆိုင်၍ ကယ်တင်ခြင်းကို ပေးသော အခြားအခြားအခွင့်အလမ်းသစ်ကို ပေးရမည်။ ဥပမာအနေဖြင့် နည်းပညာသစ်၊ စီးပွားရေးလမ်းကြောင်းအသစ် ဖြစ်စေ ပိုကောင်းသော ကမ္ဘာနှင့်အရည်အသွေးကောင်းကို မပေးနိုင်လျှင် တိုးတက်သည်ဟု သတ်မှတ်၍မရ။ ကျွန်ုပ်တို့ သည် တရားမ၀င်သော လုပ်ရပ်များကို ရှုံ့ချရန်နှင့်ဆန့်ကျင်ရန်မကြောက်ပါ။ ထို့အတူအကောင်းကိုကြဲရန်လည်း မကြောက်ပါ။
(၃)အများကောင်းကျိုးအတွက် ဘ၀နေထိုင်မူကိုပြောင်းလိုက်ပါ။
ရဟန်းမင်းကြီး၏ တတိယလမ်းညွှန်ချက်မှာ မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့၏လျှောက်လမ်းကို ပြုပြင်နိုင်သည် ဆိုသည်ကို သိရန်ဖြစ်သည်။ တွေ့ကြုံရသော ပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ခုပြုလုပ်နိုင်သည်။ အဓိက လိုအပ်ချက်မှာ အမှန်တကယ်ပြောင်းလဲချင်စိတ်သာဖြစ်သည်။ ထိုပြောင်းလဲချင်စိတ်သည် သဘာ၀ပတ်၀န်းကျင်ကိုသာ အကျိုးရှိစေခြင်းမဟုတ်။ လူသားပတ်၀န်းကျင်စိမ်းလန်းရေးကိုလည်းအကျိုးများစေသည်။ စိတ်နှလုံးသား စိမ်းလန်းစို ပြေရေးဖြစ်သည်။ ပြောင်းလဲတိုးတက်ခြင်း၏ အချိုးအကွေ့သည် ဖြတ်လမ်းနည်းကိုရှာကာ အကာအကွယ်အပြည့်အ၀ရ ထားပြီးသူများကိုဆက်လက်ကာကွယ်ခြင်းမျိုးမဟုတ်ဘဲ ခက်ခဲကောင်းခက်ခဲမည်။ ကြာကောင်းကြာမည်။ သို့သော်ရရှိ လာမည့်အကျိုးသည် သင့်မျိုးဆက်အတွက်သာမဟုတ်။ အနာဂါတ်မျိုးဆက်များထိတိုင် ခံစားခွင့်ကြုံစေမည့် အပြောင်းအလဲကိုလုပ်ဆောင်ရန်စိတ်ပိုင်းရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ပါက ကျွန်ုပ်တို့အားလုံး မျှော်လင့်ထားသော ဂြိုလ်ကိုဖန် တီးနိုင်ပေမည်။ ထိုဂြိုလ်သည် တွေ့ဆုံဆွေးနွေးသည့်ယဉ်ကျေးမူကြီးစိုးပြီး၊ ငြိမ်းချမ်းရေးနေ့သစ်ကို ယူဆောင်လာပေး မည်ဖြစ်သည်။ အလုပ်သည်လည်း လုပ်သူကိုဂုဏ်တက်စေသည်။ ဖန်ဆင်းခြင်း၏လက်ရာတော်ကို ကာကွယ်ပေးသည်။ ပထမဝီအနအေထားအရ ဝေးသော်လည်း ပေါင်းစည်းပေမည်။ ဤသို့ဖြစ်ရခြင်းမှာ အများကောင်းကျိုးအတွက် ဝိုင်းဝန်းစဥ်းစားပေးသော ကြောင့်ဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်
Photo Crd..