Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ဧ၀ဂေလိသတင်းဖြန့်‌ေ၀ခြင်းကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံဟောပြောခြင်းမရှိဘဲ လူမူကွန်ရက်မှသာဟောပြော ခြင်းနှင့်အစားထိုး၍မရ။ #Cardinal Tagle: Digital evangelization cannot replace personal encounter
‘ဘ၀၏အရေးကြီးသောအချို့အချက်များကို နည်းပညာဖြင့်သာ အစားထိုး၍မရပေ။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ရျိသာသော သတ္တဝါများဖြစ်ကြသည်။ ထိတွေ့ဆက်ဆံရန် လိုအပ်သည် ဟု အောက်တိုဘာ (၂၁)ရက်နေ့က ဗာတီကန် ဧဝံဂေလိ သတင်းကောင်းဖြန့်ချီရေးရုံးတော်၏ တာ၀န်ခံ ကာဒီနယ် Luis Antonio Tagle က တိုက် ရိုက်ထုတ်လွှင့်သောသတင်းစကား၌ ထည့်သွင်းပြောကြားခဲ့သည်။
နည်းပညာဖွံ့ဖြိုးတိုးတက်မူအတွက် ကျွန်ုပ်တို့ ကျေးဇူးရပါသည်။ သို့သော် အခြားသောအသိဉာဏ်များကိုလည်းဖွံ့ဖြိုးတိုးတက်လာအောင်ပြုလုပ်ရမည်။ နည်းပညာနှင့် ဆိုင်သောစစ်တမ်းများကိုမှီငြမ်း၍ သိရှိရသည်မှာ လူငယ်များသည် ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားစေသေ ာခံစားချက်များကိုလည်း ဖွံ့ဖြိုးလာအောင်လုပ်ဆောင်ရန် လိုအပ်ကြောင်းတွေ့ရှိခဲ့ရကြောင်း၊ သာသနာတော်ကြီး အတွင်း၌လည်း ကျွန်ုပ်တို့၏စိတ်ခံစားချက်များကိုဖွံ့ဖြိုးအောင် ပြုလုပ်ရန်ဖိတ်ခေါ်မူများရှိနေပါသည်။
လူမူကွန်ရက်သည် အလွန်ထိရောက်မူရှိသော်လည်း ထိရောက်မူကိုမပေးနိုင်သော အပိုင်းများလည်းရှိသည်။ ဥပမာအားဖြင့် ‘ဖေ့စ်ဘွခ်’ နှင့်ဆင်တူသော အခြားလူမူကွန်ရက်တစ်ခုဖြစ်သည့် ‘တွီတာ’ ကိုပမာပြရလျှင် မည်မျှပင် အသုံးတည့်သည်၊ လူသုံးများသည်ဆိုသော်လည်း သူထိုး‌ဖောက်မ၀င်ရောက်နိုင်သော ဘောင်အကန့်အသတ်ရှိနေသည်။ အဘယ်သို့တည်ဆောက်ထားသည်၊ အဘယ်မျှဦးနှောက်စားထားသည်၊ ရှုပ်ထွေးနေသည်တို့ကို အသိအမှတ် ပြုမှုမရှိတော့ပေ။ သို့သော် လူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သော စိတ်၊ နှလုံးသားနှင့်ဉာဏ်များသည် အယုံကြည်မရှိ ဖြစ်လာသည့် အခြေအနေ၌ ယုံကြည်မူများကို အချိန်အခါအလျှောက်ပြန်လည်မွေးထုတ်ပေးရန်လိုသည်။ ကာဒီနယ်သည် ‘အမ္ဘာ့သာသနာပြုများနေ့’ နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သာသနာ ပြုများနေ့ကို ကက်သလစ်သာသနာတိုင်း၌ လာမည့်အောက်တိုဘာလ (၂၄) ရက်နေ့၌ကျင်းပကြမည်ဖြစ်သည်။ ‘ကျွန်ုပ်တို့သည် အသက်တာဖြင့်သက်သေခံချက်များလိုအပ်နေသည်။ သူတို့၏အသက်တာအားဖြင့်၊ သူတို့၏ပြေပြစ် သောဆက်ဆံရေး၊ သူတို့၏ စာနာနားလည်တတ်မူတို့ကြောင့် အမှန်တကယ်သက်၀င်နေသော ဧ၀ဂေလိတရားကို ဟောကြားရာရောက်သည်။’
ဒုက္ခသည်စခန်းတစ်ခုသို့ သွားရောက်လည်ပတ်စဉ်က တွေ့ကြုံခဲ့သော အဖြစ်အပျက်ကိုယခုလိုပြန်လည် ဖောက်သည်ချပြခဲ့သည်။ စခန်းသို့ရောက်ရှိသွားသည်နှင့် စခန်း၏ တာ၀န်ရှိသူက သူ့ထံချဉ်းကပ်လာပြီး အဘယ်ကြောင့်ခရစ်ယာန်များသည် ဒုက္ခသည်များအားကူညီမူပေးကြသနည်းဟုဖြစ်သည်။ သူသည်သိချင်ရုံမျှဖြင့်မေးနေ ခြင်းမဟုတ်။ ခရစ်ယာန်တို့၏ စွန့်လွှတ်အနစ်နာခံမူ၊ ချစ်ခြင်း၊ စာနာမူများကိုလည်းသိလိုသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသခင် ပိတ်နေသောတံခါးကိုဖွင့်ရန် သူ့ကိုအသုံးပြုလိုက်သည်ဟုခံစားရသောကြောင့် ‘ကျွန်ုပ်တို့ ၏ဆရာသခင် ယေဇူးခရစ္စတူးသည် လူတိုင်းကိုချစ်ရန် ကျွန်ုပ်တို့အားသင်ကြားပေးခဲ့ကြောင်းရှင်းပြလိုက်ရာ အံ့အားသင့်စရာ သူ၏တုန့်ပြန်ချက်ကား သင်တို့၏ဆရာသခင် ယေဇူးခရစ္စတူးကိုသိကျွမ်းရင်းနှီးချင်ပါသည်ဟုဖြစ်ပါသည်။
ကိုဗစ်ရောဂါကြောင့် ဘုရားကျောင်းများတက်ရောက်ခြင်းကို ပိတ်ထားခဲ့ရစဉ်အတောအတွင်း၌ ကျမ်းစာလေ့လာခြင်းကို အွန်လိုင်းမှစီစဉ်ပြုလုပ်ပေးရန်တောင်းဆိုချက်များ မြင့်တက်လာခဲ့သည်ဟုဆိုပါသည်။ အိမ်တိုင်ရာရောက် သွားရောက်ရန် တားမြစ်ထားသောရပ်ကွက်၊ မြို့ ရွာများ၌ ထိုတောင်းဆိုချက် ကိုအင်တာနက်၏အကူအညီဖြင့် စီစဉ်ပေးနိုင်သောကြောင့်ကျေးဇူးတင်မိကြောင်း ပြောကြားခဲ့သည်။
‘ကမ္ဘာ့သာသနာပြုများနေ့’ ကိုရဟန်းမင်းကြီး ပီအုစ် (၁၁) မှ (၁၉၂၆) ခုနှစ်ကစတင်သတ်မှတ်ကျင်းပ ခဲ့သည်။ နှစ်စဉ် အောက်တိုဘာလ၏ တတိယပတ်တွင်ကျင်းပလေ့ရှိသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘ငါတို့သည် ငါတို့မြင်ခဲ့ ကြားခဲ့ရသောအရာများကို မဟောပြောဘဲမနေနိုင်’ ဟုဖြစ်သည်။ (တမန်တော် ၄း၂၀)
ရဟန်းမင်းကြီးဖရန်စစ်ကလည်း (၂၀၂၁၊ ဇန်နဝါရီ ၂၉) ရက်နေ့ကထုတ်ပြန်ခဲ့သေ ယခုနှစ်၏ ကမ္ဘ့သာသနာပြုများနေ့ သဝဏ်လွှာ၌ ကက်သလစ်ဘာသာသူများအား ကိုဗစ်ရောဂါကပ်ဆိုးကြီးကိုသာ အကြောင်းပြပြီး ဘာသာရေး၀တ္တရားကိုမဖြည့်ဆည်းနိုင်ဟု လွှဲမချကြရန်သတိပေးထားကြောင်း၊ ကာဒီနယ်က ဆက်လက်၍ ‘ယေဇူးသခင်ကို နက်ရှိုင်းစွာသိခြင်းသည် သာသနာပြုလိုစိတ်ကိုဖြစ်ပေါ်ခံစားစေကြောင်း၊ အစီအစဉ်များ၊ လှုပ်ရှားမူများသက်သက်သည် သာသနာပြုခြင်းမဟုတ်ကြောင်း၊ ၎င်းတို့သည် ကျွန်ုပ်တို့အားလည်းကောင်း၊ နွမ်းပါးချို့တဲ့သူများအားလည်းကောင်း အံ့မခန်းသောအမှုကိုပြုပေး၍ ပျော်ရရွှင်ရ၊ ကျေးဇူးတင်ကြောင်းပြသည့်သဘောသာဖြစ်သည်။
ဖာသာရ်ကလေးမင်းအားတယ်
Phot Crd...
ဆောင်းပါးများ