ရဟန်းမင်းကြီးစိန့်ဂျွန်း (၂၃) ကမိန့်ကြားခဲ့သော ဒုတိယဗာတီကန် အစည်းအဝေးကြီးကို ကျင်းပခဲ့ရသည့် အကြောင်းအရင်း Vatican II’s primary goal, according to St. John XXIII
ကက်သလစ်ဘာသာတူများသိကြသည့်အတိုင်း ရဟန်းမင်းကြီးစိန့်ဂျွန် (၂၃) သည် သက်တော်ကြီးရင့်မှသာ သနာ၏ အမြင့်ဆုံးအမှုတော်ဖြစ်သော ရဟန်းမင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ သက်တော်ကြီးရင့်သော် လည်း သာသနာပြုသည့် အတွေ့အကြုံနှင့် တမန်တော်လုပ်ငန်းအတွေ့အကြုံများသောကြောင့် ရဟန်းမင်းကြီးဖြစ်လာသောအခါလာသောအခါ ဒုတိယဗာတီကန် အစည်းအဝေးကြီးကို (အောက်တိုဘာလ ၁၁ ရက် ၁၉၆၂)နှစ်တွင် ခေါ်ယူကျင်းပခဲ့သည်။
ဤသို့စီစဥ်ကျင်းပရသည့် အကြောင်းရင်းကိုလည်း ရှင်းပြခဲ့သည်။ ဒုတိယဗာတီကန် အစည်းအဝေးကြီးကို ကျင်းပခြင်းမှာ အမှန်တရားကို ကာကွယ်ရန်ဖြစ်သည်။ ခရစ်ယာန်တို့၏ သန့်ရှင်းမွန်မြတ်သော အမှန်တရားကို ကာကွယ်ရန်နှင့် အကျိုးရှိထိရောက်စွာရှင်းပြရန်ဖြစ်သည်။ ခရစ်ယာန်တို့၏ သန့်ရှင်းမြင့်မြတ်သော အမှန်တရား အမွေအနှစ်သည် လူ၊ ခန္ဓာကိုယ်၊ ၀ိညာဉ်အားလုံးပါ၀င်သော သွန်သင်ချက်ဖြစ်သည်။ ဤတရားတော်သည် ကျွန်ုပ်တို့ကို လောက၌ထာ၀ရအိမ်တော်အဖြစ် မနေရန်၊ ကောင်းကင်အိမ်တော်ပြန်ခရီး၌ ခေတ္တတည်းခိုသော ဧည့်သည်ကဲ့သို့ နေထိုင်ရှင်သန်ရန်သင်ကြားထားသည်။
ရဟန်းမင်းကြီးစိန့်ဂျွန်း (၂၃) သည် အစည်းအစည်းအဝေးကြီး၏အဓိက လုပ်ဆောင်ရမည်မှာ အမှန်တရားကို ကာကွယ်ရန်နှင့် မျက်မှောက်ကမ္ဘာကြီးအားလည်း ထိုတူညီသောအမှန်တရားကို ချပြရန်ဖြစ်သည်။ လက်ရှိ၌ လိုအပ်သောအရာမှာ ထိုအမှန်တရားကို ခရစ်ယာန်အားလုံးလက်ခံနိုင်စေရန်၊ ထို့အတူ မူရင်း၏ သွန်သင်ချက် အသေးစိတ်ကိုလည်း မလစ်မလစ်ဟင်းစေဘဲ တင်ပြရာ၌တိကျမှုရှိရှိဖြင့် သစ်လွင်သော စိတ်အားထက်သန်မှု၊ သစ်လွင်သောပျော်ရွှင်မူ၊ တည်ကြည်သော စိတ်ထားရှိရန်လိုအပ်သည်။ ဤသို့အားဖြင့် လက်ရှိအစည်းအဝေးထက်စော၍ ကျင်းပခဲ့သော ထရင့်နှင့် ပထမဗာတီကန်အစည်းအဝေးကို ဆက်လက် အသက်သွင်းနေခြင်းဖြစ်သည်။ လိုအပ်သည်မှာ လူတိုင်းစစ်မှန်သော ခရစ်ယာန်၊ ကက်သလစ်နှင့် တမန်တော်တို့၏စိတ်ဓာတ်များဖြင့် ယနေ့တွင် ကျင့်ကြံရှင်သန်ရန်လိုသည်။ သို့မှသာ ဤတရားတော်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိသွားပေမည်။ နက်နက်ရှိုင်းရှိုင်းနားလည် သဘောပေါက်သွားပေမည်။ ထို့အတူ လူတို့၏ နေ့စဉ်ကျင့်ကြံရှင်သန်သောဘ၀၌ ဤတရားသည် ပိုမိုထိရောက်စွာ ထိုးဖောက်၀င်ရောက်သွားပေမည်။
(၂၀) ရာစုသည် နည်းပညာပိုင်း၌ အလွန်လျှင်မြန်စွာပြောင်းလဲ တိုးတက်နေသောခေတ်ဖြစ်ပြီး၊ ရှင်သန်နေထိုင်မှု ဘ၀၌လည်း အတွင်းကျကျပြောင်းလဲနေသည်။ ရဟန်းမင်းကြီးဂျွန် (၂၃) သည် ဤအရှိန်ဖြင့်ပြောင်းလဲလာမှုကို သတိထားမိလိုက်သည်။ ထို့ကြောင့် သာသနာတော်ကြီးအနေဖြင့် အမှန်တရားကိုထိန်းသိမ်းထားရင်း နည်းလမ်းသစ်ဖြင့် မိတ်ဆက်ရန် လိုအပ်လာကြောင်းသိလာ၍ စိတ်အားထက်သန်မူရှိလာစေရန် ပြန်လည်ဆန်းသစ်ခဲ့သည်။ ရဟန်းမင်းကြီးဂျွန် (၂၃) ၏အလွန်တိကျသော ချဉ်းကပ်ပုံကား အပျက်သဘောဆောင်သည့်ဖက်သို့ နွယ်သည့် အတွေးအမြင်မျိုး မရှိရေးဖြစ်ပြီး၊ အပြုသဘောဆောင်သည့် အမြင်သာထားရှိရန်ဖြစ်သည်။ စီရင်၍ပြစ်ဒဏ်ချမှတ်မည်ထက် ရှင်းလင်းပြတ်သားစွာဖြစ်စေချင်သည်။ သာသနာတော်ကြီးသည် အမှားများကိုအစဉ် အဆက်ဆန့်ကျင်လာခဲ့သည်။ မကြာခဏ စီရင်ချက်ကိုပြင်းပြင်းထန်ထန်ချမှတ်ခဲ့သည်။ သို့သော် ယနေ့၌ ယေဇူးသခင်၏ သတို့သမီးသည် သနားခြင်းလိမ်းဆေးကို လိုလားနေကြသည်။ ယနေ့ သာသနာတော်ကြီးယုံကြည်သည်မှာ သူ၏သွန်သင်ချက်ကို စေ့စပ်သေချာစွာရှင်းလင်းပြခြင်းသည် ဘာမျှမရှင်းပြဘဲ မှားလျှင်အပြစ်ဒဏ်ပေးသည့် နည်းလမ်းထက်ပို၍ ထိရောက်အကျိုး ရှိမည်ဟုယုံကြည်သည်။
ဒုတိယဗာတီကန် အစည်းအဝေးကြီး၏ ဆုံးဖြတ်ချက်များသည် ယနေ့သာသနာတော်ကြီးအတွက်လည်း ဆက်လက်၍ အသုံးတည့်နေဆဲဖြစ်သည်။ ထို့အတူ ကက်သလစ်ဘာသာဝင်တိုင်း ဤအစည်းအဝေးဆုံးဖြတ်ချက်ကို ဖတ်ရှုပြီး ယနေ့မျက်မှောက်ခောတ်ကာလ၌ အမှန်တရားအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် သန့်ရှင်းသောဝိညာဥ်တော်ဘုရားသည် ကူညီနေကြောင်းကို ကောင်းစွာနားလည်သဘောပေါက်ရန် အရေးကြီးသည်။
ဖာသာရ်ကလေးမင်းအားတယ်…
Photo Crd…