Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#အသင်းတော်ရာဇဝင် (၁) #ကလေးမင်း (ဂျုနီယာ)
နိဒါန်း
To Tell You the Whole Truth about the CHURCH and the HOLY BIBLE ကို၊ အခြေအနေပေးလျှင်၊ ပေးသလို၊ ဘာသာပြန်ဆို၊ ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။
ဤသို့ဖေါ်ပြခြင်းသည်၊ စာအုပ်၏နာဖူးစည်းအတိုင်းပင်၊ ခရစ်ယာန်တိုင်း၊ မိမိတို့သက်ဝင်ယုံကြည်နေသည့် အသင်းတော်၊ အဘယ်သို့ ဖြစ်တည်လာခဲ့သည်ကို၊ သိသင့်သည်ဟု၊ မှတ်ယူသောကြောင့်ဖြစ်ပါသည်။ ထို့အပြင်၊ သမိုင်းကိုလိမ်ညာ၍မရ၊ အဆိုရှိသကဲ့သို့၊ သမိုင်းကိုသိခြင်းဖြင့်၊ မိမိ၏ ယုံကြည်ခြင်းကို၊ ပို၍အလေးထားတတ်ရန်၊ မြတ်နိုးတတ်ရန်၊ စောင့်ရှောက်ကာကွယ်တတ်ရန်၊ ရည်ရွယ်ပါသည်။
ထို့အပြင်သမိုင်းမရှိ၍မဖြစ်၊ သမိုင်းမသိ၍မဖြစ်ဆိုလျှင်၊ လွန်မည်မထင်ပါ။ သမိုင်း၏၊ အဆိုးအကောင်းများကို၊ အကျိုးအကြောင်းညီစွာ၊ သုံးသပ်ပြီး၊ လက်ရှိအချိန်၌၊ အမှားနည်းအောင်ဆင်ချင်ပြီး၊ အကောင်းဆုံးရပ်တည်နိုင်ရန်၊ ဉာဏ်ကွပ်ပြီး ရှင်သန်ရပေမည်။ ကိုယ့်သမိုင်းကိုယ်ရေးသည်၊ ဆိုသည့်အတိုင်း၊ မိမိ၏၊ သမိုင်းအဆိုးအကောင်းသည်၊ မိမိနှင့်သာဆိုင်ပေမည်။
ဤစာအုပ်သည်၊ စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟုမျှော်လင့်ပါသည်။ တင်ပြထားပုံမှာလည်း၊ လိုရင်းတိုရှင်းဖြစ်ပါသည်။ အသင်းတော်သမိုင်းနှင့်၊ သမ္မာကျမ်းစာဆိုင်ရာ၊ အမေးအဖြေများပါရှိပါသည်။ သမိုင်းကိုတူးဆွရှာဖွေလေ့လာရန်၊ ကက်သလစ်အ သင်းတော်၏၊ သွန်သင်ချက်များနှင့်၊ သမ္မာကျမ်းစာများကိုလေ့လာစေချင်ပါသည်။ သို့မှသာ၊ ဘုရားသခင်က၊ ဖေါ်ပြသိရှိစေလိုသော၊ အမှန်တရားများအားလုံးဆီသို့၊ ဦးတည်ရောက်ရှိသွားနိုင်ပေမည်။ ခရစ်တော်သခင်က “သင်တို့သည်၊ အမှန်တရားကိုသိပြီး၊ အမှန်တရားသည်၊ သင်တို့အားလွတ်လပ်စေလိမ့်မည်” ဟုမိန့်တော်မူ၏။ (ယောဟန် ၈း၃၂) ရဟန္တာသြဂုဏ်စတင်းက “လာတင်းဘာသာကို၊ အလွန်တတ်စေချင်သောဆရာ သမားသည်၊ လာတင်းဘာသာသည်၊ ကောင်းသလော” ဟုမေးပေမည်။ ထို့အတူ၊ ကျွန်တော်တို့ခရစ်ယာန်များသည်လည်း၊ “မှန်ရဲလား” ဟုမေးသင့်ပါသည်။
ကျွန်တော်တို့သည်၊ ဘုရားသခင်ဖေါ်ပြသော၊ အမှန်တရားအားလုံးကို၊ သိရှိရန်၊ အစဉ်တစိုက် ကြိုးစားရပေမည်။ အချို့ခရစ်ယာန်များ၏ အမြင်တွင်၊ အသင်းတော် သမိုင်းသည်၊ မလို၊ အပိုသာဖြစ်သည်ဟု၊ ထင်မှတ်၊ ယူဆတတ်ကြပါသည်။ ထိုအဆိုသည်မှန်ခဲ့လျှင်၊ အဘယ်ကြောင့်၊ ကျွန်တော်တို့ကျောင်းများ၌၊ မြန်မာ့သမိုင်းအပြင်၊ ကမ္ဘာသမိုင်းကိုပါလေ့လာ၊ မှတ်သား၊ သင်ကြားရပါသည်။ အဘယ်ကြောင့်နည်း။ မျိုးချစ်စိတ် ထက်သန်လာစေရန်၊ မိမိတိုင်းပြည်အတွက်၊ ပေးဆပ်ခဲ့သောသူများ၏ဘဝကို၊ သိရှိမှတ်သားပြီး၊ ပုံတုယူတတ်ရန်၊ စသော ရည်ရွယ်ချက်ကောင်းများဖြင့်သင်ကြားစေပါသည်။ သမိုင်းမသိက၊ တိုင်းပြည်ကိုမချစ်နိုင်။ ထို့အတူ၊ အသင်းတော်၏သမိုင်းကို၊ ဂဃနဏမသိလျှင်လည်း၊ အသင်းတော်ကို၊ အဘယ်သို့ချစ်နိုင်ပါအုံးမည်နည်း။
ဤစာအုပ်ကိုပြုစုသူများ
TO TELL YOU THE WHOLE TRUTH ABOUT THE CHURCH AND THE HOLY BIBLE စာအုပ်ဖြစ် မြောက်လာရန်၊ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသူများမှာ၊ DOUGLAS McNAIR, ZACHARY GRIMES, RICHARD MARCHAND, FR. JOHN NOONE, RITA TUCEI, RONALD YOUNG, DOROTHY DUCOTE တို့ဖြစ်ကြပါသည်။ သူတို့သည်၊ St. Charles Borromeo Catholic Church, 321 N. Juniper Street, Picayune, Mississippi, USA မှဖြစ်ကြပါသည်။
#၎င်း၏အစ၊အောင်မြင်ခြင်းနှင့်၊ဆုံးရှုံးခြင်းများ
ကက်သလစ်အသင်းတော်တွင်၊ မပြည့်စုံမူ၊ အားနည်းချက်၊ ခံထမ်းရမူနှင့်၊ မတရားမူများရှိမည်မှာ၊ မလွှဲဧကန်ဖြစ်ပါသည်။ ထို့အတူ၊ အဆိုပါအခြေအနေသည်၊ နှစ်ပေါင်း (၂၀၀၀) ကျော်လာပြီး၊ ဖြစ်သော်လည်း၊ ဆက်လက်တိုက်ခိုက် တွန်းလှန်နေရဆဲ ဖြစ်ပါသည်။ အသင်းတော်အတွင်း၊ သန်းရှင်းမြင့်မြတ်သူများနှင့်၊ ဓမ္မပညာရှင်များလည်း၊ ခေတ်အခါနှင့်အညီ၊ ပေါ်ထွန်းခဲ့၊ ပေါ်ထွန်းဆဲ၊ ပေါ်ထွန်းနေဦးမည်ဖြစ်ပါသည်။ ဤသည်ကား၊ ခရစ်တော်သခင်၊ ဂတိထားခဲ့သကဲ့သို့၊ ခရစ်တော်သခင်နှင့်၊ ဝိညာဉ်တော်ဘုရားတို့သည်၊ အမိအသင်းတော်နှင့်အတူ၊ တည်ရှိနေခြင်း၏၊ အမှတ်လက္ခဖြစ်ပါသည်။ (မာတေဦး ၂၈း၂၀)
ယခုဖေါ်ပြမည့်၊ အကြောင်းအရာများသည်၊ အမိအသင်းတော်တည်စမှ၊ ယနေ့တိုင်၊ အသင်းတော်သမိုင်းတွင်၊ ဖြစ်ပျက်ခဲ့သော၊ အရေးကြီးသည့်ဖြစ်ရပ်များကို၊ ခုနှစ်သက္ကရာဇ်အလိုက်၊ ဖေါ်ပြထားပါသည်။
#အေဒီ - ၃၂ ခရစ်တော်သခင်သည်၊ မိမိအသင်းတော်၊ တည်ထောင်မည့်အကြောင်း၊ “သင်သည်၊ ပေတရူးဖြစ်၏။ ဤကျောက်ပေါ်မှာ၊ ငါ၏အသင်းတော်ကို၊ တည်ဆောက်မည်” ဟုဂတိထားခဲ့ပါသည်။ (မာတေဦး ၁၆း၁၈)
#အေဒီ - ၃၃ ကောင်းသောသိုးထိန်းဖြစ်သည့်၊ ခရစ်တော်သခင်သည်၊ ပေတြူးအား “ငါ၏သိုးတို့ကိုကျွေးမွေးလော့။ ငါ၏သိုးတို့ကိုစောင့်ရှောက်လော့” ဟုသောမိန့်မှာချက်ဖြင့်၊ မိမိ၏ဂတိတော်ကို၊ ပြည့်စုံစေခဲ့ပါသည်။ (ယောဟန် ၂၁း၁၅-၁၈)
#အေဒီ - ၃၃ ဝိညာဉ်တော်ဘုရား၊ အမိမယ်တော်မာရီးယာ၊ တပည့်တော်များနှင့်၊ တမန်တော်အပါး (၁၂၀) ခန့်အပေါ်သို့၊ ဆင်းသက်ခဲ့ပါသည်။ ထို့နေ့၌ပင်၊ လူပေါင်း (၃၀၀၀) ယုံကြည်သူများအဖြစ်၊ ဘာသာထဲဝင်ရောက်ခဲ့ကြပါသည်။ (တမန်တော် ၂း၄၁)
#အေဒီ - ၃၄ ဂျုးခရစ်ယာန်တို့သည်၊ မည်သူမဆို၊ ခရစ်ယာန်မဖြစ်မီ၊ ဂျုးဖြစ်ရမည်။ (အရေဖျားလှီးရမည်) ဟုသွန်သင်၊ တိုက်တွန်းခဲ့၏။ အဆိုပါတိုက်တွန်းချက်ကို၊ ဂျေရူးစလင်အစည်းအဝေးမှ၊ (အေဒီ ၅၀) တွင်၊ ဖြေရှင်းပေးခဲ့ပါသည်။ (တမန်တော် ၁၅)
#အေဒီ - ၄၅ ရှေးဦးခရစ်ယာန်မျာ၊ လက္ခံ၊ ယုံကြည်၊ ကျင့်သုံးခဲ့သော၊ လုပ်ထုံးလုပ်နည်းများကို၊ မှတ်တမ်းတင်ထားခဲ့သော၊ စာစောင်ကိုခေါ်ပါသည်။ ထိုမှတ်တမ်းများကို၊ ယနေ့တိုင်၊ ကိုင်ဆောင်မှီငြမ်းဆဲရှိပါသည်။
#အေဒီ - ၆၇ စိန်ပီတာနှင့်၊ စိန်ပေါလ်တို့သည်၊ တရားတော်အတွက်၊ ရောမမြို့၌၊ အသတ်ခံခဲ့ရပါသည်။
#အေဒီ - ၇၀ ဂျေရူးစလင်မြို့ရှိဗိန်မာန်တော်ကြီး၊ ရောမလူမျိုးတို့၏၊ ဖျက်ဆီးခြင်းကို၊ ခံခဲ့ရပါသည်။
#အေဒီ - ၅၀ - ၃၁၃ အတွင်း၊ ဘုရင်နေရိုး၊ ဒိုမီးစီယံ၊ ဒေးချီအု(စ်)၊ နှင့် ဒေအိုလေးစီယံတို့က၊ အသင်းတော်ကြီးကို၊ သတ်ဖြတ်၊ ညှဉ်းဆဲခဲ့ပါသည်။
#အေဒီ - ၉၆ စိန်ပီတာ၏၊ အရိုက်အရာကိုဆက်ခံသော၊ ရဟန်မင်းကြီး၊ ကလေးမင်းသည်၊ ကော်ရိန်းသူအသင်း တော်၌၊ ဖြစ်ပျက်ခဲ့သောပြဿနာကို၊ ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ စိန်ဂျွန်သည်၊ ထိုအချိန်ထိ၊ အသက်ရှင်လျှက်ရှိသေးသည်။
#အေဒီ - ၁၀၈ အန်တီအုတ်မြို့သား၊ အီညားစီအု(စ်) သည်၊ တရားတော်အတွက်၊ အဖမ်းခံရပြီး၊ စီရင်ချက်ကိုခံရန်၊ ရောမမြို့သို့သွားနေစဉ်၊ အမိအသင်းတော်ကို “ကက်သလစ်” (Catholic) ဟု၊ ဦးစွာသုံးနှုန်းခဲ့ပါသည်။
#ကလေးမင်း (ဂျုနီယာ)
ဆောင်းပါးများ