Untitled Document
Untitled Document
Untitled Document
ကဗ်ာ
ဆေးရုံအင်္ကျီ(ဆရာတော်ဂျွန်စောယောဟန်)

တစ်ချို့က

အမှတ်တံဆိပ် ဘရန့်ထိပ်မှ

ဝတ်တတ်တာတဲ့

တချို့က

ရာဇာတန်ဖိုး သိန်းကျော်ဖိုးမှ

ဝတ်တတ်တာတဲ့

တချို့ကတော့

နှစ်ခေါက်နှစ်ခါ

မဝတ်တတ်ပါတဲ့

သို့ပါသော်လည်း

ကိုယ်ခန္ဓာပန်း အားအင်ခမ်းက

ကြွလာဆေးရုံ ကုန်ကုန်လူတို့

မငြူမစူ ဝတ်ရတာက

ဆေးရုံအင်္ကျီ ကျနော့်ကိုပါ။

 

ဆရာတော် ဂျွန်စောယောဟန်

ကဗ်ာမ်ား