Untitled Document
Untitled Document
Untitled Document
ဆောင်းပါး
#ယုံကြည်သူတို့သွားရာလမ်း #Fr.ဂျော့ရှ် ဖေမန် (2019 ကြေးစည်) KYESE Myanmar - ကြေးစည်မြန်မာ Published by M.Su Latt Htwe

ကျွန်တော်တို့ရဲ့ဘဝမှာ ပြောင်းလဲခြင်းတွေကလွဲပြီး တည်မြဲသောအရာမရှိ၊ စိန်ခေါ်ခြင်းတွေက လွဲပြီး သေချာသောအရာမရှိ၊ အဆင်မပြေမှုတွေကလွဲပြီး လွယ်ကူသောအရာဟူသည်မရှိ ဆိုသည်ကို ရှင်သန်နေသူတိုင်း နားလည်သဘောပေါက်ကြပြီးသားပင်ဖြစ်ပါတယ်။

ပုထုစဉ်လူသားများပေမို့ ပျော်ရာမှာမနေပဲ၊ တော်ရာမှာနေရင်း မလုပ်ချင်ပေမယ့် မလုပ်မပြီး မလုပ်မဖြစ်သော အခြေနေတွေမို့ အလုပ်တာဝန်များကို အကောင်းဆုံးအတွက်မျှော်ကိုးပြီး စိတ်အလိုကို ဆန့်ကျင်ရင်း၊ ဘဝအလိုတိုင်းသာ အသက်ရှင်လှုပ်ရှားနေကြရသူတွေပါ။

ကြိုးစားနေချိန် အခန့်မသင့်၊ အကြောင်းမလှလို့ အခက်အခဲတွေနဲ့ရင်ဆိုင်ရင်း အရှုံးသမားဖြစ်နေ ချိန်မှာ၊ မနိုင်သောဝန်ကို ထမ်းခဲ့ရတဲ့အဖြစ်တွေလည်း ရှိခဲ့ဖူးကြတယ်။ ဖေးမကူညီပြီး၊ ရိုင်းပင်းလက်တွဲ သူတွေထက်၊ အသိုင်းဝိုင်းရဲ့ဖိအားတွေအောက်မှာ ရှင်သန်ခြင်းဆိုတဲ့အဓိပ္ပာယ်ထက်၊ ယုံကြည်ခြင်းရဲ့ အနှစ်သာရ ပိုပြီးအရေးကြီးလာတယ်။

ယုံကြည်ခြင်းလို့ဆိုလိုက်တာနဲ့ အများနားလည်နေတာက ဘုရားပေါ်ထားရှိတဲ့ယုံကြည်ခြင်း (Faith in God) လို့နားလည်ကြတယ်။ ယုံကြည်ခြင်းဆိုသည်မှာ ဘုရားကိုယုံကြည်ခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်ခြင်း၊ ကိုယ်နဲ့နီးစပ်ပတ်သက်နေသူများအပေါ် ယုံကြည်ခြင်းတို့ရှိကြပါတယ်။

ပတ်ဝန်းကျင်က စကားသံတွေကြားဖူးနေကြမှာပါ။ မလုပ်နိုင်ရင်မလုပ်နဲ့၊ မနိုင်တဲ့ဝန်ကိုမထမ်းနဲ့၊ မသေချာရင်မလုပ်နဲ့၊ အဆုံးထိမလျှောက်နိုင်ရင် အစမပြုနဲ့ဆိုတာတွေပေါ့။ အားပေးစကားမဟုတ်တာ တော့သေချာပါတယ်။ ဒီလိုမျိုးအဖြစ်အခြေအနေ ပတ်ဝန်းကျင်အသိုင်းဝန်းမှာ ယုံကြည်ခြင်းကို ဘယ်လို နားလည်ကြပြီး ဘယ်လိုရှင်သန်ကြမလဲ? လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့ မပြည့်စုံကြသူတွေပါ။ ဘယ်တော့မှလည်း ပြည့်စုံသွားကြမယ့်သူတွေ မဟုတ်ကြပါ။ အားနည်းချက်တွေနဲ့ မပြည့်စုံတဲ့အဖြစ်မှာ မသေချာတဲ့ ဘဝခရီးကိုလျှောက်ကြရင်း အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဆုံးရှုံးခြင်းတွေအမျိုးမျိုးကို ရင်ဆိုင်နေကြရသူတွေပါ။ ဒါကြောင့်ယုံကြည်ခြင်းအနှစ်ကိုနားလည်နိုင်ဖို့ ကိုယ်ကဘယ်သူလည်း (who am I?) ဆိုတာ အရင်ဆုံးနားလည်ဖို့အရေးကြီးပါတယ်။

(ကမ္ဘာဦးကျမ်း ၁း၂၇)မှာ လူတိုင်းဟာဘုရားရှင်ရဲရွှေပုံသဏ္ဍာန်နဲ့တူရုံမကဘဲ၊ ဘုရားရှင်ကိန်း အောင်းရာ ဗိမ္မာန်တော်ဖြစ်ကြတာမို့ တန်ဖိုးရှိကြသူတွေပါ။ ကိုယ်စီအားနည်းချက်မျိုးစုံဖြင့်မပြည့်စုံကြ ဘဲ မကြာခဏအပြစ်ထဲလဲကျနေကြတာ ဘုရားရှင်သိလို့ အမြဲနားလည်ပေးနေတယ်။ ဒါကြောင့် ဘုရား ရှင်အနေနဲ့ ဘယ်အပြစ်သားကိုမှစွန့်ပစ်တယ်၊ စီရင်ချက်ချတယ်၊ ရှုတ်ချတယ်ဆိုတာမရှိဘူး။ အပြစ် မျိုးစုံ၊ အားနည်းချက်မျိုးစုံနဲ့ ဘယ်လိုပုံစံ၊ ဘယ်လိုဘ၀ရောက်နေပါစေ၊ ဘုရားရှင်ကအမြဲနားလည် ပေးတယ်၊ စိတ်ရှည်သည်းခံပေးတယ်၊ ခွင့်လွတ်ပေးတယ်။ ဆိုလိုချင်တာက လူ့အဖြစ်အခြေအနေတိုင်း ဘုရားကလူတိုင်းကို ချစ်မြဲချစ်နေတာပါ။ ကိုယ်ပြုတဲ့အပြစ်တွေကြောင့် ဘုရားရှင်နဲ့ဝေးကွာနေကြသလို ဖြစ်နေကြပေမယ့် ကျွန်တော်တို့ကိုအစဉ်ထာ၀ရချစ်တဲ့ဘုရားက ကျွန်တော်တို့နဲ့အတူအမြဲရှိနေပါတယ်။ ချစ်လို့အမြဲအတူရှိနေသလိုပဲ ဘုရားရှင်ကလည်း သူနဲ့အတူအမြဲရှိနေနိုင်ဖို့ ကျွန်တော်တို့ကိုသူလိုလို လားလားရှိနေပါတယ်။ ဒါကြောင့်ပုံမှန်ဆုတောင်းခြင်း၊ မကြာခဏစက္ကရမင်တူးခံယူခြင်း၊ သဒ္ဓါတရားနဲ့ ပေးကမ်းစွန့်ကြဲခြင်းဖြင့် ဘုရားနဲ့အတူအမြဲရှိနိုင်ရန်အတွက် ကျွန်တော်တို့ကြိုးစားနေကြတာဖြစ်တယ်။

ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ခါလဲကျနေပါစေ၊ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းသော ခရီးဖြစ်နေပါစေ၊ ကျွန်တော်တို့အလိုအပ်ဆုံးနှင့် ဘုရားရှင်အလိုလားဆုံးသောအရာသည် အရှုံးမပေးသောစိတ်ဓာတ်၊ ဇွဲ၊ လုံ့လ၊ ဝိရိယပဲဖြစ်ပါသည်။

ရှေးပညာရှင်တွေ တွေးတောခဲ့ကြတဲ့စကားပုံတွေလို ဘ၀ဆိုတာတိုက်ပွဲ။ ခုရေတွင်းတူးပြီး ခုရေ ကြည်သောက်ချင်လို့မရဆိုသလို ဇွဲဝိရိယအတွက် လုံံ့လနှင့်စိတ်ရှည်ခြင်းပါရမီတို့သည် လူတိုင်းအတွက် အရေးကြီးလိုအပ်သောအရာဖြစ်သည်။

ဒီလိုပါပဲ၊ ယုံကြည်ခြင်းဆိုတာ ဇွဲလုံံ့လဝိရိယရှိခြင်း သဘောပင်ဖြစ်ပါသည်။ အရှုံးမပေးသော စိတ်ဓာတ်၊ လုံ့လဝိရိယဖြင့် ကြိုးစားရှင်သန်နေသူတိုင်းဟာ ပထမဆုံးကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု ရှိလာကြတယ်။ လုပ်ရဲကိုင်ရဲလာတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်နေသူသည် ဘုရားအပေါ်ထားရှိသော ယုံကြည်ခြင်းအနှစ်သာရကို ပိုမိုခံစားတတ်လာတယ်။ ဘုရားရှင်ရဲ့စစ်မှန်သော တည်ရှိခြင်းကိုပိုမိုထိတွေ့ နားလည်လာတယ်။

ကျွန်တော်တို့သည် သစ္စာသုံးပါးရှင်သူတော်စင်တွေကို တခါတလေပြစ်တင်ရှုတ်ချကဲ့ရဲ့တတ်ကြ သည်မှာ စစ္စတာရ်တွေ၊ ဘုန်းကြီးတွေဖြစ်ကြပြီး ဘာဖြစ်တယ်၊ညာဖြစ်တယ်နဲ့ အပြောခံဖူးကြတဲ့ပုဂ္ဂိုလ် တွေပါ။ မပြည့်စုံလို့ရုန်းကန်ကြိုးစားနေကြတဲ့အချိန်မှာ (Mt-28:20) ကတိတော်အတိုင်း ဘုရားရှင်ဟာ ကျွန်တော်တို့ကို ဘယ်တော့မှပစ်မသွားပဲ သစ္စာရှိစွာအမြဲချစ်နေတယ်ဆိုတာ သတိမူရင်း အဆုံးတိုင် သစ္စာစောင့်ရင်း ဇွဲရှိကြမယ်ဆိုလျှင် ရွှေနိုင်ငံတော်သုခဘုံကို သေချာမလွှဲရောက်လိမ့်မည်။

အရှုံးမပေးသောဇွဲဖြင့် ဘုရားရှင်၏အချစ်ရိပ်အောက်မှာ ရှင်သန်နေရင်းရင့်ကျက်လာသော သူတိုင်းသည် ဘ၀ကိုနားလည်လက်ခံတတ်လာသလို လူတိုင်းအပေါ်မှာလည်း နားလည်မှု၊ စိတ်ရှည် ခွင့်လွှတ်တတ်မှုတို့ဖြင့် အချစ်စစ်ဖြစ်သောဘုရားရှင်ကို သက်သေခံနိုင်လာကြသည်။ ယုံကြည်ချက် အတိုင်းရှင်သန်ကြရင်း စံနမူနာကောင်းများဖြစ်ကြသော ရဟန္တာသူတော်သူမြတ်များကို အတုယူပြီး အဆုံးတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

#Fr. ဂျော့ရှ် ဖေမန်

ဆောင်းပါးများ