Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2026-05-11 22:31:25

13 May 2026

Sixth Week of Easter Wednesday

Reflection by Sr. Assumpta Kayah Mel, ZSLF

Posted by Sr. Maria Ni Ni, MSP

ဆဌမကြိမ်မြောက်ပါစကားသီတင်းပတ်ရဲ့ဗုဒ္ဓဟူးနေ့မှာကျွန်ုပ်တို့နဲ့အတူ

သမ္မာတရားရဲ့ဝိညာဉ်တော်မပါရင်ဘယ်အရာမှနားမလည်နိုင်၊လက်မခံနိုင်၊မတတ်နိုင်တဲ့အကြောင်းနဲ့ ကျွန်ုပ်တို့ကယ်တင်ခြင်း ရရှိဖို့အတွက်လည်း သန့်ရှင်သော ဝိညာဉ်တော်ဘုရားမပါမဖြစ်လိုအပ်နေကြောင်းကို ဒီကနေ့ ဧဝံဂေလိကျမ်းစာထဲမှာသခင်ခရစ်တော်ကကျွန်ုပ်တို့ကိုသွန်သင်နေပါတယ်။ ကျွန်ုပ်တို့ဘဝမှာသမ္မာတရားရဲ့ဝိညာဉ်တော်မပါရင်အမှောင်ထဲမှာကျရောက်နေတဲ့ အမှောင်လူသားတစ်ယောက်ရယ်လို့လည်း ပြောနိုင်တယ်။ ဘာလို့လဲ ဆိုရင်ဝိညာဉ်တော်ဘုရားမပါဘဲနဲ့ကျွန်ုပ်တို့ကအသင်းထဲကိုမရောက်နိုင်လို့ပဲဖြစ်တယ်။ ထို့နောက် ”ထိုအရှင်သည် ငါ၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေ လိမ့်မည်”ဆိုလိုချင်တာက ကျွန်ုပ်တို့ကဝိညာဉ်တော်ဘုရားနဲ့ ပေါင်းစပ်နေ မယ်ဆိုရင်အမှား၊အမှန်၊အကောင်း၊အဆိုးတွေကိုကောင်းကောင်းခွဲခြားတတ်ပြီး၊ သန့်ရှင်းဖြောင့်မတ်တာကိုမြတ်နိုးကြမယ်၊ အာရုံနဲ့မမှီနိုင်တဲ့ ယုံကြည် ခြင်းကိုလည်းလက်ခံနိုင်ကြပြီး ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်ကို ထင်ရှား စေချင်ပဲဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့အားလုံးဘုရားသခင်ရဲ့ ဘုန်းဂုဏ် တော်ထင်ရှားစေရန်သမ္မာတရားရဲ့ဝိညာဉ်တော်နဲ့ရှင်သန်ကြစို့။ ဝိညာဉ် တော်ရဲ့ခွန်အား၊ ဝိညာဉ်တော်ရဲ့အလင်းကျေးဇူးတွေနဲ့ ပြည့်ဝဖို့ အတူတကွ ကြိုးစာရရင်း ဆုတောင်းကြပါစို့။

 

Daily Reflection
2024-09-13 02:51:29

14.9.2024 – Saturday of Week 23rd in Ordinary Time;
စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၄၊ ၂၃ကြိမ်မြောက်သာမန်ကာလ စနေနေ့  
The Exaltation of the Holy Cross . ခရူးစူးကားတိုင်အောင်မြင်ခြင်းပွဲ
John 3: 13-17- ဧဝံဂေလိကျမ်း ရှင်ယောဟန် ၃း၁၃-၁၇
Reflection by Sr. Rebecca Niang San Cing ( L. W. S. T )
Posted by Sr. Benedetta Myat Hnin Nwe(ISR)