#ကားတိုင်တော်သည်……………….. #ကိုပိုက် (KTG မြန်မာစာ)
ယနေ့ကျွန်ုပ်တို့သည်၊ ကျွန်ုပ်တို့အား၊ အမှောင်ထူကိုဖြိုခွင်းပြီး၊ အလင်းကိုဆောင်ယူပေးခဲ့သော၊ ကားတိုင်[1] တော်ပွဲနေ့ကိုကျင်းပနေကြပါသည်။ ကားတိုင်တော်ပွဲကိုကျင်းပခြင်းဖြင့်၊ ကားတိုင်ပေါ်ဝယ် တင်သတ် ခံခဲ့ရသောသူနှင့်၊ ကျွန်ုပ်တို့ပြန်လည်ထမြောက်ခဲ့ကြပြီ။ ထို့ကြောင့်လောကနှင့်ဆိုင်ရာများကိုချန်လှပ်ထားခဲ့ပြီး၊ အထက်အရပ်နှင့်ဆိုင်ရာများကို ရယူပိုင်ဆိုင်နိုင်ရန်ကြိုးစားကြရမည်။ ကားတိုင်တော်သည်အံ့မခန်းပေ။ ကားတိုင် တော်မှ၊ မရေတွက်နိုင်သောကျေးဇူးတော်များစီးဆင်းလာပါသည်။ ကားတိုင်တော်ကိုပိုင်ဆိုင်ထားသူသည်၊ ရတနာသိုက် ကိုအမှန်တကယ်ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။ လောက၌လက်ရပိုင်ဆိုင်နိုင်သောရတနာများထက်၊ အဆပေါင်းများစွာပို၍မြင့်မြတ်ပြီး၊ အဖိုးထိုက်ပေသည်။ ကားတိုင်တော်အားဖြင့်၊ ကားတိုင်တော်နှင့်အတူ၊ ကားတိုင်တော်၌၊ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုအာမခံပေးခဲ့ပြီး၊ ဘဝကိုပြန်လည်ရှင်သန်ခွင့်ရခဲ့ပါသည်။
အကယ်၍သာ၊ ကားတိုင်တော်မရှိခဲ့လျှင်၊ ခရစ်တော်သခင်ကားတိုင်ဝယ်၊ တင်သတ်[2] ခံရမည်မဟုတ်။ ကားတိုင်တော်မရှိခဲ့လျှင်လည်း၊ အသက်တာသည် သစ်တိုင်၌သံမှိုနက်ခံရဖွယ်မရှိ။ ကားတိုင်ပေါ်၌ တင်သတ်ခြင်း မခံခဲ့လျှင်၊ အပြစ်၏အခဖြစ်သောသွေးနှင့်ရေသည်လည်း၊ နံဘေးတော်မှစီးထွက်လာစရာအကြောင်းမရှိ။ ကျွန်ုပ်တို့ ၏အပြစ်သည်လည်း၊ ဆေးကြောသန့်စင်ခြင်းခံရစရာအကြောင်းမရှိ။ လွှတ်လပ်မှုလည်းရရှိမည်မဟုတ်။ ပါရာဒီဇူး[3] ဘုံသည်လည်းပွင့်လာခဲ့မည်မဟုတ်။ ကားတိုင်တော်သာမရှိခဲ့လျှင်၊ လူသားများအားခြိမ်းခြေက်နေ သော၊ သေခြင်းတရားမှာဆက်လက်အသာစီးရေနအုံးမည်ဖြစ်ပါသည်။
ကားတိုင်တော်သည်အံ့မခန်းလောက်ပေသည်။ အဘယ်ကြောင့်ဆိုသော်၊ ကားတိုင်တော်အားဖြင့်အစွမ်း တန်ခိုးများနှင့်၊ ဒုက္ခဝေဒနာများကိုခံထမ်းကျော်ဖြတ်နိုင်ေသာ၊ ကျေးဇူးတော်များကိုယူငင်ပေးပါသည်။ ဘုရားရှင်၏ ဒုက္ခခံထမ်းခြင်းလမ်းစဉ်သည်မည်၍၊မည်မျှတန်ဖိုးကြီးမားကြောင်း၊ ထို့အတူကြီးမားသောရလာဒ်ကိုလည်း ရရှိစေပါသည်။ ခရစ်တော်သခင်သည်မိမိအလိုတော်အတိုင်း၊ ဒုက္ခလမ်းတော်ကိုရွေးချယ်လျှောက်လှမ်းခဲ့ပါသည်။ ထိုလမ်းတော်အားဖြင့်အောင်မြင်ခြင်းကိုရရှိခဲ့ပြီး၊ နတ်ဆိုး၏စော်ကားခြင်းများကိုလည်း၊ အနိုင်ပိုင်းခဲ့ပြီး၊ သေခြင်း တရားကိုလည်းခြေဖဝါးအောက်အရောက်ပို့နိုင်ခဲ့ပြီ။ ကားတိုင်တော်သည်၊ လူသားထုတစ်ရပ်လုံး၏ကယ်တင်ခြင်း အတွက်အကျုံး ဝင်လာခဲ့ပါသည်။
ကားတိုင်တော်သည်၊ ခရစ်တော်၏ဘုန်းတန်ခိုးတော်၊ သူ၏အောင်မြင်ခြင်းဖြစ်ပြီး၊ သူသောက်ရန်ဆန္ဒကြီးခဲ့သော ဖလားတော်[4] လည်းဖြစ်ပါသည်။ ကျွန်ုပ်တို့အတွက်ကိုယ်စားဝင်၍ခံထမ်းခဲ့ခြင်းလည်းဖြစ်ပါသည်။ ဂျုးလူမျိုးများ အတွက်မူ ကားတိုင်တော်သည်၊ အရှက်ရစရာ၊ ရာဇဝတ်မကျုးလွန်၍၊ ရက်ရက်စက်စက်အပြစ်ပေးကွပ်မျက်ခံရခြင်း အဖြစ်ရှုမြင်ကြသည်။[5] ခရစ်တော်သခင်က“လူသားအတွက်ဘုန်းတော်ထင်ရှားစေမည့်အချိန်ရောက်ရှိလာလေပြီ။ ဘုရားသခင်သည်လည်းသူ့[6]အားဖြင့် ဘုန်းတော်ထင်ရှားတော်မူလျှင်၊ ကိုယ်တော်သည်သူ့ကို မိမိကိုယ်တော်တိုင် အားဖြင့်၊ ဘုန်းဂုဏ်တော်ထင်ရှားစေတော်မူလိမ့်မည်။ ကိုယ်တော်သည် ယခုချက်ခြင်းပင်သူ့အားဘုန်းတော် ထင်ရှားစေလိမ့်မည်။”[7]
ဆက်လက်၍ဆိုသည်မှာ “အိုအဖ၊ ဤကမ္ဘာမြေမတည်ရှိမီကပင်၊ ကိုယ်တော်နှင့်အတူအကျွန်ုပ် စံစားခဲ့ရသည့် ဘုန်းဂုဏ်တော်ကို၊ အကျွန်ုပ်အားကိုယ်တော်၏ရှေ့တော်တွင်ယခုပေးတော်မူပါ။”[8]
တဖန် “အိုအဖ၊ ကိုယ်တော်၏နာမတော်အား၊ ဘုန်းတော်ထင်ရှားစေတော်မူပါ ဟုမိန့်တော်မူလေ၏။ ထိုအခါကောင်းကင်မှအသံထွက်ပေါ်လာသည်ကား ငါသည်နာမတော်ကိုဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်ငါ သည်၎င်းကိုဘုန်းတော်ထင်ရှားစေဦး” မည်ဟူ၍ဖြစ်သတည်း။[9] ဤသို့မိန့်တော်မူသည်မှာ၊ ကားတိုင်တော်အားဖြင့်ခရစ်တော်သခင်သည်၊ ဘုန်းတော်ချီးမြောက်ခြင်းခံရမည့်အကြောင်းကို ဆိုလိုခြင်းဖြစ်ပါသည်။
ကားတိုင်တော်သည်ခရစ်တော်၏အောင်ြမင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် “သင်တို့သည်လူသားကို မြောက်ထားကြသောအခါ၊ ငါသည်ထိုသူဖြစ်ကြောင်းကိုလည်းကောင်း၊ လူသားများကိုလည်း၊ ငါ့ထံသို့ဆွဲဆောင် မည်။”[10] ဟုမိန့်မြွတ်ချက်ကိုထောက်လျှင်၊ ကားတိုင်တော်သည်၊ အရှက်ရစရာမဟုတ်ဘဲ၊ ခရစ်တော်သခင်၏၊ ဘုန်းတော်နှင့်အောင်မြင်ခြင်းဖြစ်သောကြောင့်၊ ခရစ်ယာန်များအပါအဝင်၊ လူသားများအတွက်၊ ဂုဏ်ယူစရာ အကြောင်းတရားပင်ဖြစ်ပါသည်။
[1] ခရစ်တော်၏ခန္ဒာမပါသည်ကို Cross ဟုခေါ်ပါသည်။
[2] ခရစ်တော်၏ခန္ဒာပါသည်ကို Crucifix ဟုခေါ်ပါသည်။
[3] (ပါရာဒီဇူး) ပါရှဲန်ဘာသာစကားမှမွေးစားထားသော၊ ဟေဘရူးဘာသာစကားဖြစ်သည်။ စကားလုံး၏အနက်မှာ သီးခြားရှိသောဥယျာဉ် (သို့) ခြံ ဟုဆိုလိုသည်။
[4] မာတေဦး ၂၀း၂၂-၂၃၊ ၂၆း၂၇၊ မာကု ၁၀း၃၈၊ ပကောျ ၁၁း၂၅၊
[5] (ပ) ကော်ရိန်သု ၁း၁၇-၁၈
[6] ယေဇူးသခင်အားဖြင့်
[7] ယောဟန် 13:31-32
[8] ယောဟန် 17:5
[9] ယောဟန် ၁၂း၂၈
[10] ယောဟန် ၈း၂၈