
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
#သတ္တမနေ့ - (စက်တင်ဘာလ ၁၆ ရက်နေ့)
#ရည်ရွယ်ချက် - ဆုတောင်းမေတ္တာ၊ ဆုတောင်းခြင်း။
#ဘုရား၏နှုတ်တော်ထွက်စကား….
“အစဉ်ဝမ်းမြောက်ရွှင်လန်းကြလော့။ စဉ်ဆက်မပြတ်ဆုတောင်း ပတ္ထနာပြုကြလော့။ အခြေအနေအမျိုးမျိုး၌ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ခရစ်တော်ယေဇူး၌ သင်တို့အတွက် ဘုရားသခင်၏ အလိုတော်ပင်ဖြစ်သည်။” (၁-သက်ဆာ- ၅း၁၆-၁၈)
#မယ်တော်၏မိန့်မှာသံ - “သင်တို့သည် နံနက်နှင့်ညမေတ္တာများကို ကောင်းမွန်စွာဆိုကြလော့” နံနက်နှင့် ညမေတ္တာများကို ကောင်းမွန်စွာဆိုကြရမည်။ လူတို့သည် ဘာသာတရားကို အပျော်သဘောအဖြစ်သာ မစ္ဆားတရားသို့သွားကြသည်။ ဝါတွင်းအချိန်၌လည်း ခွေးများကဲ့သို့ သားသတ်ရုံများသို့သွားကြကုန်သည်။
#ထောက်ရှုစဉ်းစားချက်…
ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်နွယ်မှုကို အခြေခံသော အပြုအမူများ၏အရည်အသွေးကို မယ်တော်မှကျွန်ုပ်တို့အား မေးမြန်းတော်မူပါသည်။ ဤအရာများသည် ကျွန်ုပ်တို့ကို အစဉ်အမြဲတိုးတက်ပြောင်းလဲစေမည့် အရင်းအမြစ် ဖြစ်ပါသည်။ နေ့စဉ်နေ့တိုင်း မေတ္တာဆိုရန်၊ ဘုရားသခင်၌လွတ်လပ်ခြင်းနှင့် တည်တံ့သောတိုင်တည်မှုများကို ပြုလုပ်ရန်ဖိတ်ခေါ်တော်မူသည်။ “အဖဘုရား၊ ကျွန်ုပ်၏ဆုတောင်းခြင်းမဟုတ် သင်၏အလိုအတိုင်းဖြစ်ပါစေ” ဟူသော သခင်ခရစ်တော်၏ ဆုတောင်းမေတ္တာကို ကြားယောင်မိပါသည်။ ခရစ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းကို အမှတ်ရပူဇော်သောမစ္ဆားတရားတော်မြတ်ကို တနင်္ဂနွေနေ့တိုင်းပါဝင်ရန်၊ ကျွန်ုပ်တို့ကို တိုက်တွန်းတော်မူသည်။ ကျွန်ုပ်တို့စုဝေးရာ၌ ရှင်ပြန်ထမြောက်တော်မူသောသခင် တည်ရှိနေခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တဖန်အားဖြည့်ပေးပြီး သခင်ခရစ်တော်ပြန်လည်ကြွရောက်လာမည်ကို မျှော်လင့်ခြင်း၌ စောင့်မျှော်နိုင်ရန် ကျွန်ုပ်တို့ကိုကူညီစေတော်မူသည်။ နှစ်စဉ်နှစ်တိုင်းဝါတွင်းအချိန်၌ ပြုလုပ်သောဒဏ်ဆပ်ဖြေခြင်း၊ ဆုတောင်းခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းသည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို အားဖြည့်ပေးပါသည်။ ပြန်လည်ဆန်းသစ်သောအားမာန်နှင့် ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများအား အလုပ်အကျွေးပြုရာ၌ ကျွန်ုပ်တို့၏ဘဝအား ဘုရားသခင်၌ နေ့စဉ်နေ့တိုင်းအပ်နှံပူဇော်ပါသည်။
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
ခရစ်တော်၏နောက်လိုက်များတွင် အစကနဦးဖြစ်သည့် မယ်တော်သည် ကျွန်ုပ်တို့၏ဘဝအား အသက်ရှင်သောဆုတောင်း မေတ္တာဖြစ်စေပါသည်။ နေ့စဉ်နေ့တိုင်း ဆုတောင်းမေတ္တာပို့သရန်၊ ဘုရား၏အရိပ်အာဝါသကို အစဉ်မြတ်နိုးရန်နှင့် သားတော်ဘုရား၏ နောက်တော်သို့ သစ္စာရှိရှိလိုက်နိုင်ရန် ကျွန်ုပ်တို့အား အဆင်သင့်ဖြစ် စေတော်မူပါ။ မယ်တော်၏ထံတော်ပါး၌နီးကပ်စွာ ကျွန်ုပ်တို့အား ထွေးပိုက်ထားပြီး မယ်တော်၏သားသမီးများအားလုံး ခံစားနေရသော ဒုက္ခဆင်းရဲခြင်းနှင့် ရုန်းကန်လှုပ်ရှားမှုအားလုံးကို မျှဝေခံထမ်းနိုင်ရန်စောင်မတော်မူပါ။
#(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။