
#လာဆလက်မယ်တော်သခင်မထံပြုအပ်သောနိုဗေနား။
# စတုတ္ထနေ့ - (စက်တင်ဘာလ ၁၃ ရက်နေ့)
#ရည်ရွယ်ချက် - ရပ်တန့်အနားယူခြင်း။
#ဘုရား၏နှုတ်တော်ထွက်စကား….
“ခြောက်ရက်ပတ်လုံး အလုပ်များကိုကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ သင်သည် အီဂျစ်ပြည်၌ ကျွန်ခံကြောင်းကိုလည်းကောင်း၊ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ အားကြီးသောလက်ရုံးတော်ကိုဆန့်၍ ထိုပြည်မှ သင့်ကို နှုတ်ဆက်တော်မူကြောင်းကိုလည်းကောင်း အောက်မေ့လော့။ ထိုအကြောင်းကြောင့် သင်သည်ဥပုသ်နေ့ကို စောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူ၏။” (တရားဟောရာကျမ်း - ၅:၁၃၊၁၄၊၁၅)
#မယ်တော်၏မိန့်မှာသံ - “သင်တို့အလုပ် လုပ်ဆောင်ရန်အတွက် ရက်ပေါင်း(၆)ရက်ကို ငါပေးထားပြီ။ (၇)ရက်မြောက်နေ့ကိုမူကား ငါ့အတွက် သတ်မှတ်ထားပြီ။
#ထောက်ရှုစဉ်းစားချက်…
တနင်္ဂနွေနေ့သည် ဘုရားနှင့်သက်ဆိုင်သောနေ့ဖြစ်ပြီး ဆုလာဘ်တော်အဖြစ် ကျွန်ုပ်တို့အား ဝေငှပေးခြင်းဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ် သည်ကျွန်ုပ်တို့အား အလွန်အကျွံအလုပ်လုပ်ခြင်းနှင့် စည်းကမ်းမဲ့ဖြုန်းတီးခြင်းမှ ကင်းလွတ်ရန်၊ ရည်ရွယ်ခြင်းလည်းဖြစ်ပါသည်။ ဤအရာသည် ပို၍ကြီးမြတ်သောဘုရား၏ အရိပ်အာဝါသနှင့် ကျေးဇူးတော်ဖြင့်ပြည့်ဝသော ကျွန်ုပ်တို့၏ဘဝအား ညွှန်ပြတော်မူပေသည်။ ကျွန်ုပ်တို့အားလည်း ဘုရား၏ပုံရိပ်တော်သို့ ပြန်လည်မွမ်းမံပေးတော်မူပေသည်။ ကျွန်ုပ်တို့အား ဘုရား၏သားသမီးများဖြစ်ကြောင်း သတိပေးရန် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူပေသော အရှင်သခင်အတွက် ဤနေ့ရက်ကို သတ်မှတ်ထိန်ချန်ထားတော်မူသည်။
ဘုရားသခင်၏ သားသမီးများဖြစ်ကြသော ကျွန်ုပ်တို့၌ မိသားစုစိတ်ဓါတ် ပြန်လည်ထူထောင်ရန် သတ်မှတ်ထားသောရက်လည်းဖြစ်ပါသည်။ ခရစ်တော်၏ကိုယ်တော်မြတ်ကို အတူတကွ ပင့်ယူခြင်းဖြင့် ကျွန်ုပ်တို့အား သခင်ခရစ်တော်၏ ဗိမာန်တော်ဖြစ်စေရန် ရည်ရွယ်ထားတော်မူပေသည်။ သခင်ခရစ်တော်သည် မယ်တော်နှင့်ကိုယ်တော်၏ ချစ်လှစွာသော တပည့်တော်အား တစ်ဦးနှင့်တစ်ဦး ကာကွယ်စောင့်ရှောက်ရန် လက်ဝါးကားတိုင်ပေါ်မှ မှာကြားသကဲ့သို့ အချင်းချင်း ကူညီရိုင်းပင်းရန်၊ ကျွန်ုပ်တို့အားလည်း တစ်ဦးကိုတစ်ဦးအား ပေးအပ်ခဲ့ပါသည်။
#(ငြိမ်သက်စွာစဉ်းစားခြင်း)
#ဆုတောင်းမေတ္တာ
သစ္စာရှင် လာဆလက်မယ်တော်သခင်မ၊ ဘုရားသခင်၏သားသမီးများအဖြစ်နှင့် လွတ်လပ်သောလူမျိုးစုံကဲ့သို့ ကျွန်ုပ်တို့၏ဂုဏ်ကျက်သရေကို ထောက်ခံတော်မူခဲ့သည်။ သခင်ခရစ်တော်အားဖြင့် အဖဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းနိုင်ရန်အတွက် ဘုရား၏နေ့အဖြစ်သတ်မှတ်ထားသော ဤဥပုသ်နေ့သည် ကျွန်ုပ်တို့အပေါ်၌ ထွန်းလင်းစေတော်မူပြီး တစ်ဦးနှင့်တစ်ဦးဆက်ဆံရာ၌လည်းကောင်း၊ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများကိုလည်းကောင်း အဓိပ္ပါယ်ပြည့်ဝပေါ်လွင် ထင်ရှားစေတော်မူပါ။ #(ဆုတောင်းလိုချက်များအားဆိတ်ငြိမ်စွာတင်လျှောက်ရန်)
#ကောင်းကင်ဘုံမေတ္တာနှင့် ဂုဏ်ကျေးဇူးတော်မေတ္တာ…
#အပြစ်ရှိသူတို့ကိုဘုရားနှင့် သင့်မြတ်အောင်စေ့စပ်ပေးသော ကျွန်ုပ်တို့၏ လာဆလက်မယ်တော်သခင်မ….
#အထံတော်၌ခိုလှုံသော ကျွန်ုပ်တို့အဖို့ငှါ၊ အစဉ်အမြဲ ဆုတောင်းပေးတော်မူပါ။ အာမင်။