Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese

2020-10-29 01:35:01
#ကမ္ဘာလောကတွင်အသင်းတော်သည်
မိခင်မယ်တော်မာရီးယား၏မိခင်အဖြစ်တည်
ရှိမှုနှင့်
အမျိုးသမီးအဖြစ်တည်
ရှိမှုကိုလိုအပ်ခြင်း။
KYESE Myanmar - ကြေးစည်မြန်မာ
Published by Eugenie Petronilla

၂၄.၁၀.၂၀၂၀၊ စနေနေ့တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှရဟန်းမင်းကြီးရုံးတော်ဆိုင်ရာ မာရီးယားဓမ္မသင်္ဂြိုလ်ပညာရပ်နှင့်ဆိုင်သောဌာနမှ ကျောင်းသူကျောင်းသားများ၊ ပါမောက္ခများနှင့် တွေ့ဆုံရာတွင် မယ်တော်မာရီးယား၏ မိခင်အဖြစ်တည်ရှိမှုနှင့် အမျိုးသမီအးဖြစ်တည်ရှိမှုကို ထောက်ရှုဝေမျှခဲ့ပါသည်။Pontifical Theological Faculty "Marianum" အဖွဲ့အစည်းမှကျောင်းသားများနှင့်ပါမောက္ခများ ၂၀၀ ခန့်ကို Servants of Mary (The Servites) မယ်တော်အစေအပါးအသင်းသားများက ဦးစီးလုပ်ဆောင်သည်။ မာရီယာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ဤပညာရေးအဖွဲ့ အစည်းသည် ဂျာနယ်တစ်စောင်ကို ထုတ်ဝေကာလူသိများခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က “မာရီးယားသည်မိခင်နှင့်အမျိုးသမီးတို့၏စံပြပုဂ္ဂိုလ်ဖြစ်သည်။ သူမ၏ကျောင်းတော်သည် ယုံကြည်ခြင်းနှင့်အသက်ရှင်ခြင်း ကျောင်းတော်တစ်ခုဖြစ်သည်။ သူမ၏ကျောင်းတော်၌ သူမသည်လူဘဖြစ်စဉ်နှင့် ခရစ်ယာန်ဘဝဖြစ်စဉ် အက္ခရာများကိုကောင်း စွာသင်ကြားပေးသူဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက “သူမ၏နက်နဲဖွယ်ရာသောနှလုံးသားထဲကိုဝင်ရောက်ကြည့်ခြင်းဖြင့် သူမ၏မိခင်ဘဝနှင့် အမျိုးသမီးဘဝ၏အံ့သြဖွယ်ရာများကိုကျွန်တော်တို့ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မည်။ ဧလိဇဘက်သည်သူမကို “သခင်ဘုရား၏မိခင်” အဖြစ်အသိအမှတ်ပြုခဲ့သည်။ ယေဇူးသခင်သည် ကျွန်ုပ်တို့အား အကောင်းဆုံးမိခင်များနှင့်အတူအသက်ရှင်နေထိုင်စေလိုသည်။ မာရီယား၏မိခင်ဘဝဖြစ်စဉ်သည် မိသားစုစိတ်ထားကို တည်ဆောက်ပေးသည်။”

#ပုပ်ရဟန်းမင်းကြီးက “မာရီးယားသည် ကျွန်ုပ်တို့အားဘုရားသခင်နှင့်ညီအစ်ကိုဖြစ်စေသည်။ မိခင် အဖြစ်နှင့် အသင်းတော်ကိုဖြစ်စေသကဲ့သို့ ကမ္ဘာလောကကြီးကိုလည်း မိသားစုစိတ်ထား ကိုဖြစ်စေသည်။ အသင်းတော်သည် စည်းလုံးခြင်းအတွက် သူမထံမှမိခင်နှလုံးသားကို ပြန်လည်ရှာဖွေရန်လိုအပ်သည်။ သို့သော် သူမ၏သားသမီးများအားလုံအတွက် နောက်တဖန် နေစရာအိမ်ဖြစ်လာရန်အတွက် ကမ္ဘာမြေကြီးကိုလည်းသူမလိုအပ်သည်။

ထို့နောက်ပုပ်ဖရန်စစ်သည် သူ၏စာချွန်တော် Fratelli tutti (on Fraternity and social friendship) ကို ကိုးကား၍ သူက “မိခင်မယ်တော် မာရီးယားသည် ကျွန်ုပ်တို့အတွက်ကမ္ဘာသစ်ကို မွေးဖွားစေလိုသည်။ ထိုကမ္ဘာသစ်သည်လူ့အဖွဲ့အစည်းက စွန့်ပယ်ခံထားရသူများနှင့် ကျွန်ုပ်တို့အားလုံးသည် ညီအစ်ကို၊ မောင်နှမများအဖြစ်တည်ရှိရာနေရာဖြစ်မည်။” ဟုပြောကြားခဲ့သည်။ (နံပါတ် ၂၇၈)

ကျွန်ုပ်တို့အားလုံးသည် သနားကြင်နာစွာဖြင့် ဘဝကိုမွေးဖွားသော၊အသစ်တဖန်မွေးဖွားသော မိခင်များ ဖြစ်ကြရန်လိုအပ်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့သောမိခင်အဖြစ် ဆုကျေးဇူးတော်ဖြင့်သာပြုစုစောင့်ရောက်ခြင်းနှင့် ပေးကမ်းဝေမျှခြင်အားဖြင့် လူသားမိသားစုဘဝကို အတူတကွထိန်းသိမ်း ထားနိုင်သောကြောင့်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏အဆိုအရ “မိခင်များမရှိသော ကမ္ဘာကြီးတွင်အနာဂတ်လည်းမရှိပါ။”

အမြတ်အစွန်းနှင့်အကျိုးအမြတ်တစ်ခုတည်းဖြင့် အနာဂတ်ကိုမပေးစွမ်းနိုင်ပါ။ ယင်းသည် တစ်ခါတစ်ရံတွင် မညီမျှမှုနှင့်မတရားမှုများကိုပင် တိုးပွားစေလေသည်။ သို့သော်မိခင်များသည် ကလေးတိုင်းကို မိမိအိမ်အဖြစ်ခံစားနားလည် အသက်ရှင်စေပြီး မျှော်လင့်ချက်များလည်းပေးလေသည်။” မာရီးယားသည် မိခင်တစ်ဦးအနေဖြင့် ကျွန်ုပ်တို့ကိုတွေ့ဆုံတတ်ခြင်းနှင့်အတူတကွ လျှောက်လမ်းခြင်းပညာတို့ကို သင်ကြားပေးလေသည်။

ဤအကြောင်းအချက်နှင့်စပ်လျဉ်း၍ ပုပ်ရဟန်းမင်းကြီးက Pontifical Theological Faculty "Marianum" တက္ကသိုလ်ကျောင်းတော်သည် အမျိုးမျိုးသောကျွန်ုပ်တို့များနှင့်ဝိညာဉ်ရေးရာ ထုံးတန်းအစဉ်အလာများတို့အား အတူတကွယှဥ်တွဲလာခြင်းဖြင့်မိသားစုကြီးတစ်ခုသဖွယ်စုစည်းနိုင်ခြင်းနှင့် ခရစ်ယန်ဂိုဏ်းပေါင်းစုံနှင့် ဘာသာပေါင်းစုံ အပြန်အလန်လေ့လာ ဆွေးနွေးမှုများကိုလည်း အထောက်အကူပြုရာ ကျောင်းတော်ကြီး ဖြစ်သည်ဟု အားပေးပြောကြားခဲ့သည်။

#မာရီယား၏ အမျိုးသမီးဖြစ်ခြင်းနှင့်စပ်လျဉ်း၍ ပုပ်ရဟန်းမင်းကြီးက၊မာရီယား၏ အမျိုးသမီးအဖြစ်တည်ရှိမှုသည် ကျွန်န်ုပ်တို့ကိုလူတစ်စုဖြစ်စေသည်။

“သူ၏မိခင်တစ်ဦးအနေဖြင့်အသင်းတော်ကိုမိသားစုဖြစ်စေသကဲ့သို့ သူသည်အမျိုးသမီးတစ်ဦးအနေဖြင့်လည်း ကျွန်ုပ်တို့ကိုတို့ကိုလူတစ်စုဖြစ်စေသည်။” ယင်းသည်သာမန်အားဖြင့် အမိမယ်တော်မာရီးယားအား ဒ္ဓါကြည်ညိုခြင်းသည်ကျွန်ုပ်တို့ကိုမာရီးယားဓမ္မသင်္ဂြိုလ်ပညာရပ်အား ပိုမိုရှာဖွေလေ့လာဆည်းပူးခြင်း ဖြစ်စေသည်ဟု ပုပ်ရဟန်းမင်းကြီးကပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက မာရီယားကိုချီးမွမ်းဂုဏ်ပြုခြင်းသည် ကျွန်ုပ်တို့အား - သူမ၏သန့်ရှင်းစင်ကြယ်ခြင်း၊ - သူမ၏ပါရမီများ၊ -သူမ၏ခေတ်ကာလတစ်လျောက် အတွက် အမတ်လက္ခဏာများကို အမြဲသတိပြုလိုက်လျှောက်ရန် လိုက်နာကျင့်ကြံရန် အားပေးနိုးဆော်နေခြင်းလည်းဖြစ်သည်။
#ဤအကြောင်းနှင့်စပ်လျဉ်း၍ ပုပ်ရဟန်းမင်းကြီးက အမျိုးသမီးများ၏ အခန်းကဏ္ဍကို အတိအကျဖော်ပြထားသည်။ ကယ်တင်ခြင်းသမိုင်းတွင် အမျိုးသမီးများသည် အသင်းတော်နှင့် ကမ္ဘာလောကကြီးအတွက် မရှိမဖြစ်လိုအပ်သည် ဟုပြောခဲ့သည်။ သို့ရာတွင်အမျိုးသမီးအများစုသည် ၎င်းတို့၏ဂုဏ်သိက္ခာမရကြကြောင်း မ်းနည်းစွာပြောကြားခဲ့သည်။

ဘုရားသခင်အားဤလောကသို့ ဆောင်သွင်းသောမိန်းမသည် ဘုရားသခင်၏ကျေးဇူးတော်များ သူမ၌သမိုင်းတွင် ကျန်ရစ်စေရမည်။” နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးက “သူမ၏ပါရမီနှင့်ပုံစံကိုလိုအပ်သည်။” ဟု လေးလေးနက်နက် အဆုံးသတ်လိုက်လေသည်။

KyeseTeam

 

NEWS AND EVENTS