Untitled Document
Untitled Document
Untitled Document
ကဗ်ာ
တခုကများလာလျှင် တခုကလျော့လာမယ် (Fr. S. Tha Hgyi) Father Stephen That Hgyi

၁။ ဒေါသများလာရင် ကြင်နာစိတ် ‌လျှော့လာမယ်။

၂။ အတ္တတွေများလာလျှင် ရိုးသားဖြောင့်မချင်းတွေ လျှော့လာမယ်။

၃။ စိုးရိမ်ပူပန်မှုများလာရင် ပျော်ရွှင်ငြိမ်းချမ်းခြင်း လျှော့လာမယ်။

၄။ သံသယစိတ်တွေများလာရင် အချင်းချင်းယုံကြည်မှု လျှော့လာမယ်။ 

၅။ ပြိုင်ဆိုင်မှုတွေများလာရင် တည်ငြိမ်မှုတွေ လျှာ့လာမယ်။

၆။ မတရားမှုတွေများလာရင် အချင်းချင်းလေးစားမှုတွေ လျှော့လာမယ်။

၇။ ရယူပိုင်ဆိုင်မှုတွေများလာရင် စာနာသနားခြင်းတွေ လျှော့လာမယ်။

၈။ မကောင်းမြင်စိတ်တွေများလာရင် စိတ်ရင်းစေတနာတွေ လျှော့လာမယ်။

၉။ ‌လောဘရမ္မက်တွေများလာရင် ကူညီရိုင်းပင်းခြင်းတွေ လျှော့လာမယ်။

၁၀။ ဆန္ဒရမ္မက်တွေများလာရင်ဖူစင်သန့်ရှင်းစိတ်တွေ လျှော့လာမယ်။

၁၁။  မာနတွေများလာရင် သည်းခံနိမ့်ကျစိတ်တွေ လျှော့လာမယ်။

၁၂။ ကပိတ်ရက်ဖက်စိတ်တွေများလာရင် စည်းလုံးခြင်းတွေ လျှော့လာမယ်။

၁၃။ အတင်းအဖျင်းတွေများလာရင် ကောင်းသတင်းတွေ လျှော့လာမယ်။

၁၄။ မုန်းတီးစိတ်တွေများလာရင် မေတ္တာစိတ်တွေလျော့လာမယ်။

၁၅။ အကြံဖန်တွေများလိုက်ရင် အမှန်ကန်တွေလျော့လာမယ်။

၁၆။ သဝန်တိုစိတ်တွေများလာရင် ချစ်တဲ့စိတ်တွေလျော့လာမယ်။

၁၇။ ပျင်းရိတာတွေများလာရင် ဘဝတိုးတက်မှုတွေလျော့လာမယ်။

၁၈။ ကိုယ့်ရပိုင်ခွင့်အတွက်ပဲလုပ်နေရင်င် နာခံခြင်းသစ္စာတွေလျော့လာမယ်။

၁၉။ ဘဝမေ့တာများလာရင် ကျေးဇူးတရားတွေလျော့လာမယ်။

လျော့တာကိုများစေမလား များတာကိုလျော့စေမလား။ မင်းစဉ်းစား။

(2019 ခုနှစ်တွင် ကျရောက်သည့် 69 နှစ်ပြည့်မွေးနေ့အမှတ်တရ။)

(၁၀-၈-၁၉၅၀) - (၁၀-၈-၂၀၁၉)

Fr. S. Tha Hgyi

 

 

 

ကဗ်ာမ်ား