Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-29 09:13:59
#30 November 2020 Daily Reflection
#တမန်တော်ကြီး စိန့် အင်ဒရူး
#(နေ့စဉ်ထောက်ရှုချက်များ) (ဧဝံဂေလိကျမ်း/မာတေဦး ၄း ၁၈-၂၂)
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
Posted by M. Su Latt Htwe

ယေဇူးသည် ဂါလေလေးယ ပင်လယ်ကမ်းခြေ တစ်လျှောက် ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချနေသော တံငါသည် ညီအစ်ကိုနှစ်ဦး ဖြစ်သည့် ပေတရုဟု အမည်ရသော စီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကို မြင်​တော်မူ၏။ ထိုအခါ ကိုယ်တော်က သူတို့အား ငါနောက်သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များ ဖြစ်စေမည်ဟု မိန့်တော်မှု၏။ သူတို့သည်လည်း ချက်ချင်း ပင် မိမိတို့၏ ပိုက်ကွန်များကို ထားခဲ့၍ ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြလေ၏။ ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ ဆက်၍ ကြွသွားတော်မူသောအခါ ဇေဘေဒေးဦး၏ သားများဖြစ်သည့် ယာကုပ်နှင့် သူ၏ညီ ယောဟန်တည်းဟူသော အခြားညီအစ်ကိုနှစ်ဦးသည် မိမိတို့၏ ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကို မြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။ သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ ဖခင်ကို ထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့ လိုက်ကြလေ၏။
ယနေ့ အမိကက်သလစ် အသင်းတော်ကြီးသည် တမန်တော်ကြီး သံအင်ဒရူး၏ ပွဲနေ့ကို ကျင်းပကြပါသည်။ ယနေ့ နှုတ်ကပတ်ကျမ်းစာမြတ်သည်လည်း သံအင်ဒရူးနှင့်တစ်ကွ ပထမဦးဆုံးသော တပည့်တော်ကြီးလေးပါး၏ ခေါ်တော်မူခြင်းအကြောင်းကို ဖော်ပြပေးထားပါသည်။
ဤကျမ်းပိုဒ်ကို ထောက်ရှု့ခြင်းအားဖြင့် ပထမဦးစွာ မိမိတို့၏ဘဝကို ရက်ရောစွာဖြင့် ခရစ်တော်သခင်၏ ခေါ်သံကို မတုံ့မဆိုင်းဘဲ "ချက်ခြင်း" တုံ့ပြန်၍ ဘဝကို ပေးဆပ်ခဲ့ကြသော အသင်းတော်၏ ရှေးဦးဖခင် တမန်တော်ကြီးများအတွက် ဘုရားရှင်အား ကျေးဇူးတင်ချီးမွမ်းမိပါသည်။
ယနေ့ခရစ်တော်ဘုရားရှင်သည် နှုတ်ကပတ် တရားတော်အားဖြင့် သူ၏နိုင်ငံတော်အတွက် အမှုထမ်းရန် ကျွန်ုပ်တို့ တစ်ဦးစီအား အိမ်ထောင်သည် မိသားစုဘဝအားဖြင့် သော်လည်းကောင်း၊ ရဟန်း၊ သူတော်စင်ဘ၀အားဖြင့် သော်လည်းကောင်း၊ နေ့စဉ် မိမိ၏ တတ်ကျွမ်းသည့် ပညာဖြင့် ဘ၀ဆက်ကပ် ခြင်းအားဖြင့် သော်လည်းကောင်း ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်လှသော "ခေါ်တော်မူခြင်း" ကျေးဇူးကို ပေးတော်မူပါသည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့သည် တပည့်တော်ကြီးများကဲ့သို့ ရိုးစင်းစွာ၊ မဆိုင်းမတွ ဘုရားရှင်၏ခေါ်သံကို ပြန်လည်တုံ့ပြန်တတ်သော စိတ်ဓါတ်ခွန်အားများ ရရှိနိုင်ရန်အတွက် ကိုယ်တော်ရှင်ထံ တောင်းခံကြပါစို့။

ဆုတောင်းကြစို့
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား
သင့်ကို အမိဝမ်းထဲ၌ ငါမဖန်ဆင်းမီ သင့်ကိုငါသိပြီး  မဖွားမီကပင် သင့်ကိုငါသန့် ရှင်းစေ၍ လူအမျိုးမျိုးတို့အဖို့ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မှု၏။(ယေရမိ အနာဂတ္တိကျမ်း ၁း ၄-)
ကောင်းမြတ်တော်မူသော ထာဝရဘုရားရှင်၏ ဘုန်းတော် ဂုဏ်တော်အား ကမ္ဘာအဆက်ဆက် ချီးမွမ်းထောပနာ ရှိပါစေသော်။ အာမင်။
စစ္စတာရ်လူစီ ဇာခြည်ဦး (SPS)

 

 

Daily Reflection