Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-26 08:14:17
#26th November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်) (ဧဝံဂေလိကျမ်း/ရှင်လုကာ ၂၁း၂၉-၃၃)
#စစ္စတာရ် ဖလော်ရီ (SPS)
(Sisters of Most Precious Blood)
Posted by Eugenie Petronilla

သခင်ခရစ်တော်သည် နောက်ဆုံးသောနေ့ရက်များဆိုင်ရာ ဟောပြောမှုကို ထိုနေ့ရက်အတွက် နိုးကြားပြီး သတိဝီရိယနှင့်ဆုတောင်းလျှက် စောင့်မျှော်ကြရန် သဖန်းပင် ဥပမာနှင့် အဆုံးသတ်ထားကြောင်း တွေ့ရှိရသည်။ သဖန်းပင်များတွင် ရွက်နုထွက်ချိန်ရောက်လာပါက နွေဦးကာလ ရောက်လာကြောင်း သိရှိရသကဲ့သို့ ဤနိမိတ်လက္ခဏာများဖြစ်ပေါ်လာသောအခါ သခင်ယေဇူးဘုန်းဂုဏ်တော်နှင့် ကြွရောက်မည့်အချိန် ဘုရားသခင်၏ နိုင်ငံတော် နီးလာကြောင်းကို သစ်ပင်များမှ သင်ခန်းစာယူရန် ယနေ့ ကျမ်းပိုဒ်သည် ကျွန်ုပ်တို့ကို ဖိတ်ခေါ်နေပါသည်။

ကျွန်ုပ်တို့သည် မိုးလေ၀သအခြေအနေ ရာသီဥတုအခြေအနေကိုခန့်မှန်းတတ်သကဲ့သို့ ပရောဖက်ကျမ်းများမှ ဟောထားချက် ပြည့်စုံမှုကို ကြည့်ပြီး မက်ဆီးယားသခင်၏ခေတ်ကာလ ရောက်ရှိမှုကို လည်း ခန့်မှန်းတတ်ရန်လိုအပ်ပေသည်။ မက်ဆီးယားသခင်သည် ကျွန်ုပ်တို့အလယ်တွင် ရောက်ရှိနေပြီဖြစ်သောကြောင့် နုတ်ကပါတ်တော်ကိုနားထောင်ပြီး နောင်တစွဲလျှက် ခရစ်တော်ဘုရားရှင် ယူဆောင်လာသော ကယ်တင်ခြင်း ကျေးဇူးတော်နှင့် ဘုရားသခင်၏ အုပ်စိုးမှုကို လက်မလွှတ်တမ်း လက်ခံကြရန် လိုအပ်ပါသည်။
သဖန်းပင်ဥပမာသည် ဘုရားသခင်၏ နိုင်ငံတော်ကို သခင်ယေဇူးအားဖြင့် လူတို့အလယ် သို့ ရောက်ရှိမှုနှင့် ယင်းကိုလူတို့က လက်မလွှတ်တမ်းဝမ်းသာအားရစွာ လက်ခံကြိုဆိုရန် လိုအပ်ကြောင်း ဘုန်းဂုဏ်တော်နှင့် ကြွလာမည့် သခင်အတွက် ပြင်ဆင်လျှက် စောင့်မျှော်နေထိုင်ကြရန်ရည်ညွှန်းကား ဥပမာပေးနေပါသည်။
ကျွန်ုပ်တို့တစ်တွေသည်လည်း မိမိတို့၏ ဘ၀အခြေအနေကို ခန့်မှန်းတတ်ရန်လိုအပ်ပါသည်။ မိမိလျှောက်လှမ်းနေသောလမ်းသည် မိမိအား အကျိုးပေးမည့် လမ်းလော၊ မိမိအား ကောင်းကင်ဘုံသို့ပို့ဆောင်ပေးမည့် လမ်းဟု စဉ်းစားတတ်ကြရပါမည်။ ပျက်အစဉ် ပြင်ခဏဆိုသကဲ့သို့ အချိန်ရှိစဉ်နောင်တစွဲပြီး ကျွန်ုပ်တို့၏ ဘ၀တွင် ပြုပြင်သင့်ရာ ကို ပြုပြင်သွားကြပါစို့။
 

စစ္စတာရ် ဖလော်ရီ(SPS)

Daily Reflection