Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-25 09:29:05

#26th November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်)ဧဝံဂေလိကျမ်း/ရှင်လုကာ ၂၁:၂၀-၂၈
#စစ္စတာရ်ဖလော်ရီ(SPS)
(Sisters of Most Precious Blood)
Posted by Eugenie Petronilla

ကျမ်းရေးသူသည် ဂျေရုဆလင်မြို့ဘုရားကျောင်းတော်ကြီး ပျက်စီးမှုအကြောင်း ဖော်ပြပြီး ကမ္ဘာကုန်မည့်အကြောင်း လူမျိုးပေါင်းစုံတို့သည် ကယ်တင်ခြင်း ကျေးဇူးတော်များကို ခံယူရရှိကြမည့် အသင်းတော်၏ ခေတ်ကာလအကြောင်းနှင့်ရှည်လျားသောသမိုင်းကြောင်းကို ဖော်ပြထားပါသည်။

သခင်ယေဇူးဘုန်းဂုဏ်တော်နှင့် ကြွလာတော်မူခြင်းသည် ဘုရားသခင်၏စီမံကိန်းမှ ဖြစ်စဉ်များ တစ်ခုပြီးတစ်ခုဖြစ်ပေါ်ပြီး ဘုရားသခင် သတ်မှတ်ထားသော အချိန်ရောက်မှ ဖြစ်ပေါ်ပေမည်။

ရှင်လုကာ၏ ဖော်ပြချက်တွင် ဂျေရုဆလင်မြို့ပျက်စီးချိန်နှင့် ကမ္ဘာကုန်ချိန် ကြားတွင် လူမျိုးတကာတို့၏ အချိန်ကာလဟူသော လူမျိုးပေါင်းစုံတို့သည် သခင်ခရစ်တော်၏ ယုံကြည်ခြင်း သတင်းကောင်းကို ယုံကြည်လက်ခံကြလျှက် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာအမျိုးမျိုး ကယ်တင်တော်မှုခြင်း ကျေးဇူးတော်များနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ပြည့်ဝသော အုပ်စိုးမှုတို့ကိုခံယူကြမည့် အသင်းတော်၏ခေတ်ကလ ကျန်ရှိကြောင်း ဖော်ပြထားသည်။

(လုကာ ၂၁:၂၄) ကျမ်းပိုဒ်တွင်ရှင်းလင်းစွာဖော်ပြထားသည့်အချက်မှာ သခင်ယေဇူးဘုန်းဂုဏ်တော်နှင့် ကြွလာတော်မှုခြင်းအကြောင်းကို ဖော်ပြရာတွင် ကမ္ဘာအရပ်ရပ်၌ ပြန့်ကြဲနေသည့် ရွှေးချယ်ခြင်း ခံရသူတို့အတွက် ကယ်တင်ခြင်း ချမ်းသာပေးရန် ကြွလာခြင်း၊ ဘုရားသခင် အပေါ်သစ္စာရှိသူအရပ်လေးမျက်နှာမှ လူမျိုးပေါင်းစုံတို့စုရုံးမှုကို ထူးခြားစွာဖော်ပြထားသည်။

ထို့ကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ကြွလာတော်မှုခြင်းကို စိတ်အားထက်သန်စွာစောင့်မျှော်နေကြသောကျွန်ုပ်တို့အားလုံး၊ စိတ်ကောင်း နှလုံးကောင်းရှိသူများ၊ သူတော်ကောင်းအဖြစ် နေထိုင်ရန် ကြိုးပမ်းသူများနှင့် ညှဉ်းပန်းနှိုပ်စက်မှုကိုခံရသော ခရစ်ယာန်များအတွက် ဤကျမ်းပိုဒ်သည် မျှော်လင့်ချက်ပေးရာ သတင်းကောင်းပင်ဖြစ်ပါသည်။

စစ္စတာရ် ဖလော်ရီ (SPS)

Daily Reflection