Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-24 08:32:06

#25th November 2020 Daily Reflection 
#(နေ့စဉ်ထောက်ရှုချက်) #ဧဝံဂေလိကျမ်း/ရှင်လုကာ ၂၁း၁၂-၁၉
#စစ္စတာရ် ဖလော်ရီ (SPS)
(Sisters of Most Precious Blood)
Posted by Eugenie Petronilla

ခရစ်တော် နောက်လိုက်နေကြသည့် ကျွန်ုပ်တို့ကို ယနေ့ သမ္မာကျမ်းစာတော်အားဖြင့် ခရစ်တော်သခင်ကိုယ်တိုင် ခရစ်ယာန်ဘ၀အသက်တာ၌ တွေ့ကြုံရမည့် ညှဉ်းဆဲမှုများ ဒုက္ခဆင်းရဲ အခက်အခဲများရှိမည်ဆိုသည်ကို ဖော်ပြပေးနေပါသည်။ ဤအခြေအနေများ၌ ခရစ်တော်ရှင်ကို ဘ၀နှင့် သက်သေခံရန် အချိန်အခါကောင်းဖြစ်၍ ကားတိုင်ကိုထမ်းရင်း ကာဝါရီ တောင်ကုန်းပေါ်၌ အသက်ပေးခဲ့သော ကျွန်ုပ်တို့နှင့်အတူရှိတော်မှုသော ခရစ်တော်သခင်ကိုယ်တိုင် ကျွန်ုပ်တို့အား နှုတ်အစွမ်းဉာဏ်ပညာ သတ္တိကို ပေးတော်မူမည်။ ကျွန်ုပ်တို့သည်လည်း တည်ကြည် ခိုင်မာသောဇွဲလုံလအားဖြင့် ထာဝရတည်မြဲသောအသက်တာကို ပိုင်ဆိုင်နိုင်ကြပေမည်။

ကျွန်ုပ်တို့ ခရစ်တော် နောက်လိုက်များသည် အတ္တမာန မတရားမှု ဘုရားမဲ့ဝါဒများဖြင့် ခြိမ်းခြောက်ခြင်းခံနေရသော ဤကမ္ဘာမြေကြီး၏ခေတ်ရေစီးကြောင်းကို ဆန့်ကျင်ပြီး ဘဝရှင်သန်နိုင်ရန်ကြိုးပမ်းနေသူများ ဖြစ်သည့်အတွက် နေ့စဉ်ဘ၀အသက်တာ၌ ဒုက္ခအခက်ခဲများနှင့် တွေ့ကြုံရမည်မှာ မလွှဲပေ။ သို့ပါသော်ငြားလည်း ကျွန်ုပ်တို့၏ ဘဝခွန်အားအရင်းအမြစ်ဖြစ်သော နုတ်ကပါတ်ကျမ်းစာတော်မြတ်၌ ခွန်အားယူလျှက် စိတ်နှလုံးသား၌ ချစ်ခြင်းမေတ္တာတရား
ပြည့်၀စွာထားရင်း ဘ၀ခရီးလမ်းကို ဆက်လျှောက်ကြပါစို့။
ခက်ခဲ့သည့် အခြေအနေများ၌ ခရစ်တော်သခင်သည်ကျွန်ုပ်တို့ကို မပြပ်မလပ် အဖော်ပြုပေးနေပြီး ကျွန်ုပ်တို့၏ လမ်းခရီးကို ဦးဆောင်ပေးနေသည်ကို ယုံကြည်ရပါမည်။ ကျွန်ုပ်တို့၏ အလယ်၌ အရာအားလုံးကို သိမြင်တော်မှုသော မကောင်းမှု ဒုစရိုက်များကို အောင်မြင်တော်မှုသော ခွန်အားကြီးတော်မှုသောဘုရားရှိတော်မှု၍ ကျွန်ုပ်တို့၏ ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှပင်ပျက်စီးဆုံးရှုံး လိမ့်မည်မဟုတ်ကြောင်းကို ယုံကြည်လျှက် သိမ်မွေ့ နှိမ့်ချသည့် နှလုံးသားနှင့် မှောင်မှိက် နှင့်ကင်းသော အလင်း၏ ဘဝ အသက်တာကို ပိုင်ဆိုင်နိုင်သောသားသမီးများ ဖြစ်နိုင်ရန် ဆက်လက် ကြိုးစားကြပါစို့။
ဆုတောင်းကြစို့၊
ထာ၀ရဘုရားသခင်သည် စိတ်နှလုံးကြေကွဲသော သူတို့၏အနီးတွင် ရှိတော်မှု၍စိတ်နှလုံး ကျိုးပဲ့ကြွေမွသော သူတို့ကိုကယ်တင်တော်မှု၏။
ဖြောင့်မတ်သောသူတို့ခံထမ်းရသော ညှဉ်းပန်းနှိပ်စက်မှုများသည်များပြားသော်လည်း ထာ၀ရဘုရားသခင်သည် ခပ်သိမ်းသောဆင်းရဲဒုက္ခတို့မှ သူ့ကို ကယ်နုတ်တော်မှု၏။ ကိုယ်တော်သည် သူတို့၏ အရိုးရှိသမျှတို့ကို ထိန်းသိမ်:စောင့် ရှောက်တော်မှုသည် ဖြစ်၍ သူတို့၏ အရိုးတစ်ချောင်းမျှပင် ကျိုးပဲ့ရလိမ့်မည် မဟုတ်။ ထာ၀ရဘုရားသခင်သည် မိမိ၏အစေခံတို့ကို ကယ်တင်တော်မှုလိမ့်မည်။ ကိုယ်တော်ကို မှီခိုအားထားသောသူတစ်ဦးတစ်ယောက်မျှအပြစ်စီရင်ခြင်း ခံရလိမ့်မည်မဟုတ်။ အာမင်။ (ဆာလံ ၃၄:၁၈-၂၂)

စစ္စတာရ် လူစီ ဇာခြည်ဦး ( SPS)

Daily Reflection