Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-23 09:15:08

#24th November 2020 Daily Reflection 
#(နေ့စဉ်ထောက်ရှုချက်) #ဗျာဒိတ်ကျမ်း ၁၄: ၁၄-၁၉/ ရှင်လုကာ ကျမ်း ၂၁:၅-၁၁
#စစ္စတာရ် ဖလော်ရီ (SPS)
(Sisters of Most Precious Blood)
Posted by Eugenie Petronilla

သခင်ယေဇူးသည် ဂျေရုဆလင်မြို့ဘုရားကျောင်းတော်ကြီးပျက်စီးမှုကိုကမ္ဘာလောက ကုန်ဆုံးဘို့အတွက် အတိတ်နိမိတ် သဘောဟောကြားတော်မူသည်။ ကျမ်းစာတော်မြတ်တွင် ဘုရားကျောင်းတော်ကြီး ပျက်စီးမူ့ နှင့်ကမ္ဘာလောက ကုန်ဆုံးမူကိုခွဲခြား၍ဖော်ပြထားသည်။ ယင်းတို့နှစ်ခု စပ်ကြားတွင် ရှည်လျားသော သမိုင်းကျောင်းဆိုင်ရာ ခေတ်ကာလများနှင့် ခရစ်ယာန် သာသနာတော်၏ ခေတ်ကာလ အကြောင်းကို ဖော်ပြကြသည်။ ဘုရားကျောင်းတော်ကြီးပျက်စီးမှုအကြောင်းကိုဖော်ပြပြီးနောက်၊ နောက်ဆုံးကာလ မရောက်သေးကြောင်း (ရှင်မာကု ၁၃: ၇) ထိုအချိန်ကာလအတွက် ဆက်လက်စောင့်ဆိုင်းရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

ဂျေရုဆလင်မြို့ဘုရားကျောင်းတော်ကြီးသည် ရောမတို့၏ တိုက်ခိုက်မှုကြောင့် (အေဒီ ၇၀) တွင် ပျက်စီးသွားခဲ့ပါသည်။ဘုရားသခင် စေလွှတ်တော်မူသော သားတော် မက်ဆီးယားသခင်ကို ယုံကြည်လက် ခံရန် ပျက်ကွက်ခဲ့သောဂျေရုဆလင်မြို့သည် ဘုရားသခင်၏ ထူးခြားစွာ
စောင့် ရှောက်မှုကိုမရရှိသဖြင့် ရန်သူများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို ခံခဲ့ရသည်။
ယနေ့ထောက်ရှုရသည့် ကျမ်းပိုဒ်၌ သခင်ယေဇူးသည် တပည့်တော်ကြီးများနှင့် မခွဲခွာမှီ မိမိရှင်ပြန်ထမြောက်ချိန်မှ ကမ္ဘာကုန်ချိန်အထိ သမိုင်းတစ်လျှောက် သာသနာ့တာဝန်ကို ပုခုံးပြောင်း တာဝန်ယူကြမည့် တပည့်တော်ကြီးများနှင့် သူတို့ကို ဆက်ခံမည့် သူများအား သာသနာလုပ်ငန်းတွင် ခေတ်အဆက်ဆက်၌ ရရှိမည့်အောင်မြင်မှုများ၊ ဒီအပြင် တစ်ခါတစ်ရံခံရမည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ပရောဖက် အတုအယောင် ပေါ်ပေါက်မှုများ အခက်အခဲများနှင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြီး ဘုရားသခင်ကို အားကိုးလျှက် မည်သို့ရင်ဆိုင်ကျော်လွှားရမည့်အကြောင်းကို လမ်းညွှန်ပေးတော်မှုပါသည်။
တို့ကြောင့်လောကတွင် အကောင်းနှင့် အဆိုးဒွန်တွဲလျှက်ရှိကြသည်။ ဘုရား၏ ဘက်တော်သားများနှင့် နတ်ဆိုး၏ ဘက်တော်သားများ အားပြိုင်လျှက် ရှိနေကြပါသည်။ ကျွန်ုပ်တို့၏ ဘဝ အသက်တာတွင်လည်း ဒုက္ခအခက်အခဲနှောင့်ယှက်ခြင်းများကို သတိဝိရိယနှင့် သစ္စာရှိစွာရင်ဆိုင်ကျော်လွှားပြီး ခရစ်တော်၏ တပည့်ကောင်း အစေခံကောင်းများဖြစ်နိုင်ကြရန် ကြိုးစားသွားကြပါစို့။စစ္စတာရ် ဖလော်ရီ (SPS)
Daily Reflection