Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-22 07:55:51
#23rd November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်)(ဧဝံဂေလိကျမ်း လုကာ ၂၁:၁-၄)
#စစ္စတာရ်ဖလော်ရီ(SPS)
(Sisters of Most Precious Blood)
Posted by Eugenie Petronilla

ကိုယ်တော်သည် လှမ်း၍ ကြည့်လျှင် ဥစ္စာကြွယ်ဝချမ်းသာသော သူတို့သည် မိမိတို့၏ အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ထည့်နေကြသည်ကို မြင်တော်မူ၏။- ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော်မြင်တော်မူ၏။- ကိုယ်တော်ကသင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက်ပို၍အလှူငွေထည့်ဝင်လေပြီ။- အကြောင်းမှုကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသော ငွေထဲမှ အလှူထည်.၀င်ကြ၏။ သူမ မူကား ဆင်းရဲနွမ်းပါးသည့်အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မှု၏။

ထောက်ရှုချက်။
ဤကျမ်းစာထဲရှိ ဆင်းရဲသော မုဆိုမသည် အမိအသင်းတော်ကြီး၏ပုံရိပ်ဖြစ်တော်မူသည်။ အသင်းတော်သည် အငယ်ဆုံးသောသူများ၊ နောင်တရ သူ အပြစ်သားများ၊ ဆင်းရဲနွမ်းပါးသူများ၊ ခွဲခြာဆက်ဆံ လစ်လျူရှုခံနေကြရသော အငယ်ဆုံးသော ညီအစ်ကိုမောင်နှမများ၏ အသင်းတော် အဖွဲ့အစည်းဖြစ်တော်မူသည် အဘယ်ကြောင့်ဆိုသော ဤညီအစ်ကိုမောင်နှမများသည် သူတို့၏ ယုံကြည်ခြင်းကို ဘုရားရှင်တစ်ဦးတည်း၌သာလျှင် ပြည့်၀စွာပုံ အပ်ပြီး နှိမ့်ချခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းအားဖြင့် သူတို့၏ ဘ၀အသက်တာများကို ပေးဆပ်ကြသူများဖြစ်ပေသည်။
အမိအသင်းတော်ကြီး၌ တန်ခိုး အာဏာအရှိန်အဝါအားဖြင့် ပေးဆပ်နေသူများ၏ လုပ်ဆောင်ချက်များအားဖြင့်မဟုတ်ဘဲ ဤဆင်းရဲသော မုဆိုးမကဲ့သို့ အငယ်ဆုံးသော ညီအစ်ကိုမောင်နှမများသည် ဝိညာဉ်တော်ဘုရားသွန်းလောင်းတော်မူသော ချစ်ခြင်းမေတ္တာစွမ်းအားဖြင့် အသင်းတော်၏ သမိုင်းကို ဆက်လက်တည်ဆောက်နေကြသူများဖြစ်သည်။ သို့ဖြစ်ပါ၍ ယနေ့ လူမျိုးတကာတို့၏ မိခင်ဖြစ်တော်မူသော အမိကက်သလစ်အသင်းတော်ကြီးအတွက် သတိရဆုတောင်းပေးရင်း အမိအသင်းတော်၌ အမိအသင်းတော်နှင့်အတူ အမိအသင်းတော်အားဖြင့် ခိုင်မြဲသော ယုံကြည်ခြင်းဖြင့် ဘုရားရှင်ထံ ဘ၀ဆက်ကပ်အပ်နှံထားရင်း နှိမ့်ချခြင်း၊ ရိုးသားဖြူစင်ခြင်းပါရမီများနှင့် ရက်ရောစွာ ကိုယ်တော်ရှင်၏နိုင်ငံတော်အတွက် ဘဝဆက်ကပ်ကြပါစို.။
#စစ္စတာရ်လူစီဇာခြည်ဦး (SPS)
Daily Reflection