Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-21 10:16:55
#22nd November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ)(ယေဇူးဘုရင်ပွဲနေ့ကြီး)(ရှင်မာတေဦး၂၅:၃၁-၄၆)
#စစ္စတာရ်ဖလော်ရီ(SPS)
(Sisters of Most Precious Blood)
Posted by Sr. Eugenie Petronilla

ဤနေ့ သည် ဝတ်ပြုကိုးကွယ်ခြင်းနှစ်၏ နောက်ဆုံးအပတ် တနင်္ဂနွေနေ့ဖြစ်သည်။ ဤယနေ့ ကျမ်းစာတော်မြတ်တွင် သခင်ယေဇူး၏ နောက်ဆုံး ဟောကြားသော နောက်ဆုံးသောနေ့ တရားစီရင်ခြင်းအကြောင်းကို ထောက်ရှုသွားကြပါစို.။

ရှင်မာတေဦးသည် ဤကျမ်းပိုဒ်ကို ရေးရာ၌ ကမ္ဘာကြီး မည်သို့ကုန်ဆုံးသွားမည်ကိုထိတ်လန့်ခြောက်ခြားစေသော ရည်ရွယ်ချက်ဖြင့် ရေးသားထားခြင်းမဟုတ်။ယနေ့ ပစ္စုပ္ပန်ကာလတွင် ခရစ်ယာန်များ မည်သို့ကျင့် ကြံနေထိုင်ရမည်ကို နားလည်စေချင်သော ရည်ရွယ်ချက် ဖြင့် ရေးသားထားခြင်းဖြစ်သည်။
ဧဝံဂေလိကျမ်းသည် အတိတ်သမိုင်းကို အခြေခံပြီး အနာဂါတ်သို့ဦးတည်ကာ ယခုပစ္စုပ္ပန်အချိန်ကာလ၌ အသက်ရှင် လျှက်ရှိသော ယုံကြည်ခြင်း၏ အသွင်ကို အမြဲဆောင်သည်။
ဤကျမ်း၏ အဓိကအချက်မှာ "ဖြောင့်မတ်သောသူတို့ငါထံသို့ လာလော့ (သို့)ကျိန်ခြင်းကို ခံရသောသူတို့ငါထံမှသွားကြလော့ " ဟူ၍ မဟုတ်ဘဲ အငယ်ဆုံးသောသူ၌ ထာဝရဘုရား၏ ရွှေမျက်နှာတော်ကို တွေ့မြင်သိရှိနိုင်ရန် သတိပေးနိုးဆော်ခြင်းဖြစ်ပြီး အငယ်ဆုံးသောသူအား ပြုသော အမှုများသည် ခရစ်ယာန်တိုင်း၏ ယုံကြည်ခြင်း အသက်၌ အဓိကလုပ်ဆောင်ချက်များ ဖြစ်ကြောင်းကိုဖော်ပြထားသည်။
ဤကျမ်း၌ မိမိကိုယ်ကို အငယ်ဆုံးသောသူနှင့် နှိုင်းယှဉ်ထားသော ရှင်ဘုရင်၏ ထူးခြားသော လက္ခဏာမှာ သူ၏ပလ္လင်မှာ ကားတိုင်ဖြစ်ပြီး သူ၏ ၊ သရဖူမှာ ဆူးဗောင်းခွေဖြစ်၍၊ အဝတ်အချည်နည်းဖြင့် ချုပ်နှောင်ခြင်း၊ ငြင်းပန်နှိပ်စက်ခြင်းခံရပြီး၊ လူအများတို့၏ပျက်ရယ်ပြုခြင်း အပ်နှံခြင်းကိုခံရသူဖြစ်သည်။ ကားတိုင်ပေါ်၌ဆာမွတ်ခြင်း၊ ရေငတ်ခြင်းကိုခံထမ်းကာ ဒုစရိုက်သမား သူစိမ်းတစ်ယောက်ကဲ့သို့ ကားတိုင် ပေါ်မှာ ရိုက်နှက်ခံရသော ရှင်ဘုရင်တစ်ပါး၏ အသွင်ကို ဆောင်၏။ ဤ ရှင်ဘုရင်သည်စင်္ကြာဝဠာ တစ်ခုလုံးကိုအုပ်စိုးသော ခရစ်တော်သာဖြစ်ပြီး မိမိသည် အငယ်ဆုံးသောသူဖြစ်ကြောင်းကို ပြသခဲ့သည်။ ဤသို့အားဖြင့် ယေဇူးဘုရင်သည် ဆင်းရဲခြင်း၏ နက်နဲဖွယ်ရာကို သူ နှင့် နှိုင်းယှဉ်ပြခဲ့ပြီး ဤ နက်နဲဖွယ်ရာအားဖြင့်လည်း ကျွန်ုပ်တို့ကို ကယ်တင်ခြင်း ကျေးဇူးတော်ပေးခဲ့ပါသည်။
သို့ဖြစ်၍ ခရစ်ယာန်များသည် ဆင်းရဲသားများကို ကူညီရာ၌ မိမိ၏ ပင်ကိုယ်ကောင်းမြတ်ခြင်း ပါရမီကြောင့်သာ မဟုတ်ဘဲ အထူးသဖြင့် အငယ်ဆုံးသောသူနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ထားသော သခင်ခရစ်တော်၌ရှိသောယုံကြည်ခြင်းဖြင့် ပြုကြခြင်းဖြစ်သည်။
နောက်ဆုံးသောတရားစီရင် သည့်နေ့၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြင်နာမေတ္တာဖြင့် အငယ်ဆုံးသောသူများအတွက် ထားရှိသောလုပ်ဆောင်မူ့များအပေါ် မူတည်ပြီး မိမိ ယနေ့ပြုသော ချစ်ခြင်း မေတ္တာနှင့်ပင် စီရင်ခြင်းခံရပါလိမ့်မည်။
 

စစ္စတာရ် မေရီ (SPS)

Daily Reflection