Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-18 06:22:35
#19 November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်လုကား ၁၉း ၄၁-၄၄)
#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)
Posted by M. Su Latt Htwe

"ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကို မြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊ သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့် အကြောင်းများကို ယနေ့ သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခု ဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏"

ယနေ့ကျမ်းစာတော်မြတ်၌ ယေဇူးသခင်သည် ဂျေရုဆလင်မြို့ကို မြင်တော်မူသောအခါ ငိုကြွေးတော်မူသည်ကို ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူ၏နိုင်ငံ၊ သူ၏လူမျိုး ဝတ်ပြုရာဗိမ္မာန်တော် တည်ရှိရာ မြို့တော်ကြီးကို ချစ်တော်မူသည်။ ဂျေရုဆလင် မြို့တော်ကြီးသည် ဘုရားရှင်၏ ခေါ်သံ၊ ကိုယ်တော်၏ ကြွလာတော်မူခြင်းကို နားမထောင်၊ လက်မခံ၊ မသိကျိုးနွံ ပြုကြသည့် မြို့သူမြို့သားများကြောင့် ဖျက်ဆီးခြင်း ခံရမည်ကို ကိုယ်တော် သိတော်မူသည့် အတွက်ကြောင့် ငိုကြွေးတော်မူသည်။
ယနေ့မျက်မှောက် ခေတ်အချိန်၌လည်း ယေဇူးသခင်သည်လည်း သူချစ်မြတ်နိုးရသည့် ကမ္ဘာမြေကြီးကို ကြည့်၍ ငိုးကြွေး မြည်တမ်းနေမည်လား။ ကျွန်ုပ်တို့၏ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းရေး လမ်းစဉ်ကို အနှောင့်အယှက် ပြုနေကြသည့် တယူသန် အယူဝါဒ  ကြီးနိုင်ငယ်ညဉ်း အတ္တစိတ်များကြောင့် ကိုယ်တော်ရှင် ငိုကြွေးနေမည်လား။
ဒီမေးခွန်းလေးများကို မေးရင်း ဘုရားရှင်သည် ခရစ်တော်သခင်အားဖြင့် ကျွန်ုပ်တို့ကို နေ့စဉ်အကြည့်အရှု ပြုနေသည် ဆိုသည်ကို ယုံကြည်ခြင်းဖြင့် လက်ခံပြီး ကျွန်ပ်တို့၏ ဘ၀သက်တာ ပြောင်းလဲခြင်းကို တစ်ဦးချင်းစီမှ စတင်ပြီး တစ်ရွာ၊ တစ်မြို့၊ တစ်နိုင်ငံ၊ တစ်ကမ္ဘာလုံး ပြောင်းလဲခြင်းဖြင့် ကိုယ်တော်ရှင်ထံ ပြန်လှည့်လာ၍ ကိုယ်တော် ပေးသနားတော်မူသော ငြိမ်းချမ်းခြင်း ကျေးဇူးတော်ကို ရင်ဝယ် ပိုက်ထားကြပါစို့။


ဆုတောင်းကြစို့
"
ထာ၀ရဘုရားသခင် လုပ်ဆောင်တက်မူသော အမှုတို့ကို ထောက်ရှုကြလော့၊ ကိုယ်တော်သည် မြေကြီးစွန်းတိုင်အောင် စစ်ကိုငြိမ်းစေတော်မူ၏၊ လေးကို ချိုးလျက် လှံတို့ကို အပိုင်းပိုင်းဖြစ်ကာ ဒိုင်းတို့ကို မီးရှို့တော်မှု၏။ ငြိမ်သက်စွာနေကြလော့။ ဗိုလ်ခြေတို့၏အရှင် ထာဝရဘုရားသခင်သည် ငါတို့နှင့်အတူ ရှိတော်မူ၏။ ယာကုပ်၏ ဘုရားသခင်သည် ငါတို့၏ ခိုလှုံရာဖြစ်တော်မူ၏။ အာမင်။

#စစ္စတာရ် လူစီ ဇာခြည်ဦး (SPS)

Daily Reflection