Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-12 08:41:42
#13 November 2020 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်လုကား ၁၇း ၂၆-၃၇)
#စစ္စတာရ် ဖလော်ရီ (SPS)
Posted by M. Su Latt Htwe

 ယနေ့ကျမ်းစာတော်မြတ်တွင် သခင်ယေဇူး၏ နောက်ဆုံးတရားစီရင်ရန် ကြွလာတော်မူခြင်းနှင့် မိမိ၏သေခြင်းတရားအတွက် အသင့်ပြင်ဆင်လျှက် နေထိုင်ကြရန် သခင်ဘုရား၏ သတိပေး ဟောကြားချက်ကို တွေ့ရှိရပါသည်။ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ကြွလာတော်မူခြင်းနှင့် လူတို့၏သေခြင်းတရားတို့သည် မမျှော်လင့်သော အချိန်၌ ရုတ်တရက် ဖြစ်တတ်ပြီး ထိုနေ့ရက်အတွက် သူတို့ဘက်မှာ ပြင်ဆင်မှု မရှိကြသဖြင့် အသင့်ပြင်ဆင်လျှက် နေထိုင်ရန် လိုအပ်ကြောင်း (လုကာ ၁၇း ၂၆-၃၇) ဓမ္မဟောင်းကာလမှ နောဧနှင့်လောတ ခေတ်တို့ (ကမ္ဘာဦးကျမ်း ၇း၇၊ ၁၉း၂၆) ဖြစ်စဉ်မှ သင်ခန်းစာ ယူသင့်ကြောင်း သခင်ဘုရားမှ ဟောကြားတော်မှုသည်။
ဘုရားရှင်၏ ကြွလာတော်မူခြင်းနှင့် မိမိတို့၏သေခြင်းတရားအတွက် အမြဲတမ်း အသင့်ပြင်ဆင်လျှက် နေထိုင်သူများ ရှိသကဲ့သို့ ဘာသာတရားနှင့် ကိုယ်ကျင့်တရားများ၊ ပညတ်တော်များကို ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နေသူများလည်း ရှိကြပါသည်။ ထို့ကြောင့် အပြစ်ဒုစရိုက်ကို ရှောင်ရှားရင်း မိမိတို့ ကျူးလွန်မိသော အပြစ်များအတွက် နောင်တစွဲကာ မိမိတို့၏ဘဝကို ကုသိုလ်ပါရမီများဖြင့် တန်ဆာဆင်ထားလျှက် အဆင်သင့် ပြင်ဆင်ထားသူ နောဧနှင့်မိသားစုသည် သင်္ဘောပေါ်သို့ ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ကျန်ရစ်သော သူတို့မူကား ကယ်ဆယ်ခြင်း ခံရသောအဖွဲ့တွင် မပါဝင်နိုင်ဘဲ ရေလွှမ်းမိုးခြင်းဖြင့် ပျက်စီးခဲ့ကြသည်။
သခင်ယေဇူးအနေဖြင့် ကျွန်ုပ်တို့ကို သတိပေးနေသည်မှာ မိမိတို့၏ သေခြင်းတရားအတွက် ခရစ်တော်ရှင်၏ ဘုန်းဂုဏ်တော်နှင့် ကြွလာတော်မူခြင်းအတွက် ပြင်ဆင်နေသူတို့သည် လောကီစည်းစိမ်အပေါ် ထားရှိသော သံယောဇဉ် အတွယ်အတာများကို တန်လျှင်ဆေး၊ လွန်လျှင်ဘေးဟု သဘောထားရမည်။ လောဘစိတ် လွမ်းမိုးမှုကို ရှောင်ပြီး ဘ၀တူ လူသားများအပေါ်  စာနာထောက်ထားမူပြလျှက် ကောင်းကင် အသက်ချမ်းသာ ရရှိရန်အတွက် ကြိုးပမ်းရင်း ဘုရားသခင် ခွင့်ပြုထားချိန်သည် မွေးဖွားချိန်မှ သေဆုံးချိန်အတွင်း အသက်ရှင်စဉ် အခါ၌သာဖြစ်သည်။
ကျွန်ုပ်တို့ နေ့စဉ် ဘဝသက်တာတွင် ခရစ်တော်ရှင်ကို အမြဲပိုင်ဆိုင်ထားလျှက် သူ့အပေါ်  ယုံကြည်ခြင်း မပျက်ဘဲ သစ္စာတရားကို လက်ကိုင်ကာ ကောင်းကင်နိုင်ငံခရီးကို မျှော်ကိုးရင်း ချစ်ခြင်းမေတ္တာလမ်း၌ ဆက်လက် လျှောက်လှမ်းကြပါစို့။

 

#စစ္စတာရ် ဖလော်ရီ ( SPS ) 

Daily Reflection